အောက်တိုဘာလ ၄ ရက်နေ့ အာဆီယံနိုင်ငံများ သတင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောက်တိုဘာလ ၄ ရက်နေ့ အာဆီယံနိုင်ငံများ သတင်း


 

အောက်တိုဘာလ ၄ ရက်နေ့ အာဆီယံနိုင်ငံများ သတင်း


အင်ဒိုနီးရှား နိုင်ငံက စာသင်ကျောင်းတွေမှာ အစာအဆိပ်သင့်မှုဖြစ်ပွား ပြီးနောက်ပိုင်း ကျောင်းတွေမှာ အခမဲ့ အာဟာရကျွေးမွေးမှုအစီအစဉ်တွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လို့ မပြီးမချင်း ရပ်နားထားမယ်လို့ အာဏါပိုင်တွေက ထုတ်ပြန်ထားပါတယ်။ ပြဿနာဖြစ်နေတဲ့ မီးဖိုချောင်လုပ်ငန်းပိုင်း ဆိုင်ရာကို နောက်ထပ်မဖြစ်ပွားအောင် အာဏါပိုင်တွေ အနေနဲ့ အနီးကပ်ကြီးကြပ်မှုတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်ရမယ်လို့လည်း ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

 ( THE JAKARTA POST)


ဖိလစ်ပိုင်းနိုင်ငံ စီဘူခရိုင် ဘိုဂိုမြို့အနီးမှာ ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိတဲ့ ငလျင်တစ်ခုက သောကြာနေ့ အစောပိုင်းတွင် လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ဗေဒသိပ္ပံ  က ပြောကြားခဲ့ပါတယ်။

 (PNA) 


စင်ကာပူ အမျိုးသားတက္ကသိုလ် က အချိန်ပြည့်ဝန်ထမ်းများအားလုံးအနေနဲ့ အောက်တိုဘာ ၁ ရက်မှစပြီး တစ်ပတ်လျှင် ၅ ရက်  ရုံးတက် ရုံးဆင်း အလုပ်ဆင်းရမယ်လို့ ကြေညာထားပါတယ်။

( THE STRAITS TIMES)

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားချက်ကို ပြန်လည်သုံးသပ်ရန် တရားရေး ဝန်ကြီးဌာနက ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း တရားရေးဝန်ကြီး ရဲချုပ် က ပြောသွားပါတယ်။ 

( BANGKOK POST )

ဗီယက်နမ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ တိုင်ဖွန်း ဘူအာလွိုင်ကြောင့် လူ လေးဆယ့်ကိုးဦး အသက်ဆုံးရှုံးခဲ့ပြီး မနေ့က ညနေအထိ ၁၆ ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဒီအဖြစ်ဆိုးကြောင့် အိမ်ခြေ ၂၀၀ နီးပါး ပျက်စီးခဲ့ပါတယ်။

(VIETNAM NEWS)


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)