ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့ တက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်









ပဲခူး၊ အောက်တိုဘာ ၁၃

ပဲခူးမြို၊ မြိုတော်ခန်းမ၌ အောက်တိုဘာလ(၁၃) ရက်နေ့၊ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အချိုသော သဘာဝဘေးအန္တရာယ်များကို တားဆီး၍မရသော်လည်း ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်ဆုံးရှုးမှုနှင့် အကျိုးဆက်များကို လျော့ပါးသက်သာအောင် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းတိုဖြင့် လုပ်ဆောင်၍ရကြောင်း၊ ဘေးအန္တရာယ်ကြိုတင် ပြင်ဆင်ခြင်း၊ ကာကွယ်ခြင်းလုပ်ငန်းများပတ်သက်၍ ဘဏ္ဍာငွေတိုးမြှင့်သုံးစွဲသွားရမှာဖြစ်ကြောင်း၊ အထူး သဖြင့် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တိုတွင် မကြံစဖူး ထူးကဲသည့် ပဲခူးမြစ်ရေကြီးမှုဖြစ်ပေါ်ခဲ့မှုအပေါ် ယခုနှစ် တွင် ပဲခူးမြစ်ရေကြီးမှုလျော့ပါးသက်သာစေရန်အတွက် ဘဏ္ဍာငွေများကို တိုးမြှင့်သုံးစွဲပြီး ပဲခူးမြစ် ရေဘေး ကာကွယ်ရေးတာများကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့သဖြင့် ပဲခူးမြစ်၏ စိုးရိမ်ရေအမှတ်သို အကြိမ်ကြိမ် ရောက်ရှိခဲ့သော်လည်း ပြည်သူများပြောင်းရွှေ့ခဲ့ရမှုမရှိခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်း သဘာဝဘေး ကြောင့်ထိခိုက်မှုလျော့ပါးသက်သာစေရေးအတွက် ကဏ္ဍစုံဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို စိစစ်ဖော်ထုတ် ၍ အရှိန်အဟုန်မြှင့် အလေးထားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုးနိုင်ခြေ လျှော့ချရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရွက်ရမည့် တုံပြန်မှုလုပ်ငန်းစဉ် များကို စနစ်တကျဆောင်ရွက်ရန်၊ ခေတ်နှင့်အညီ တိုးတက်နေသည့် နည်းပညာများကို မျက်ခြေမပြတ် လေ့လာအသုံးပြုရန်၊ အဆောက်အဦ၊ လမ်း၊ တံတားများကို ပြဌာန်းထားသည့် စံချိန်စံညွှန်း အတိုင်း လိုက်နာဆောင်ရွက်သွားရန်မှသာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုးနိုင်ခြေ လျှော့ချနိုင် မှာဖြစ်ပြီး ရေရှည်ဖွံဖြိုးတိုးတက်သည့် လူမှုစီးပွားဘဝများကို ဖော်ဆောင်ပေးနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ထိုနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် စာစီစာကုံး(ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူတိုက ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် Mr. Antonio Guterres ၏ သဝဏ်လွှာရုပ်သံဖိုင်နှင့် သဘာဝဘေးလျော့ပါးရေး လှုပ်ရှားမှု မှတ်တမ်းတင်ဗီဒီယိုတိုအား ကြည့်ရှုခဲ့ကြသည်။ ၎င်းနောက် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ ရာ တာဝန်ရှိသူများက ပြခန်းအလိုက် ခင်းကျင်းပြသထားမှုများအပေါ် ရှင်းလင်းပြောကြားခဲ့ကြသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုးနိုင်ခြေ လျှော့ချရေးနေ့သည် ရာသီ ဥတုပြောင်းလဲဖောက်ပြန်မှုကြောင့် သဘာဝဘေးအန္တရာယ် ပိုမိုဖြစ်ပွားလာနိုင်သည့် အခြေအနေအား နားလည် သဘောပေါက်စေရန်၊ သဘာဝဘေးကို တားဆီး၍မရသော်လည်း လူတိုင်းကြံ့ကြံ့ခံ ရင်ဆိုင်နိုင်သည့် အလေ့အထကောင်းများ ဖြစ်ထွန်းလာစေရန်၊ ဘာဝဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်သည့် ရပ်ရွာလူထုနှင့် အခြေခံ အဆောက်အအုံများ ဖြစ်ထွန်းတည်ဆောက်နေထိုင်လာတတ်စေရန်နှင့် သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုး နိုင်ခြေလျှော့ချရေး ဘဏ္ဍာရန်ပုံငွေကို တိုးမြှင့်ပြီး ဖွံဖြိုးရေးနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံဆောင်ရွက်မှုများကို ထည့်သွင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)