လိပ်သိုမြို့တွင် ကြက်ပေါင်သီးများပေါ်ချိန် လိုက်လံဆွတ်ခူးရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လိပ်သိုမြို့တွင် ကြက်ပေါင်သီးများပေါ်ချိန် လိုက်လံဆွတ်ခူးရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ



လိပ်သို  ၊ အောက်တိုဘာ ၂၃


ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ကျေးရွာအချို့ရှိ ဥယျာဉ်ခြံများတွင် သဘာ၀အလျောက် အလေ့ကျပေါက်ရောက် ရှင်သန်လျက်ရှိသော  ကြက်ပေါင်သီးများကို ဒေသခံများက  လိုက်လံဆွတ်ခူးရောင်းချလျက်ရှိကြောင်း သိရသည်။

ကြက်ပေါင်သီးများမှာ ချဉ်သောအရသာရှိသော နွယ်ပင်မျိုးဖြစ်၍ စိုက်ပျိုးထားမှုမရှိဘဲ သဘာဝအလျောက် ဥယျာဉ်ခြံရှိသစ်ပင်များတွင် တွယ်ကပ်ရှင်သန်လျက်ရှိရာ ဒေသခံဥယျာဉ်ခြံပိုင်ရှင်များက  ပြုစုထိန်းသိမ်းစောင့်ရှောက်ထားကြပြီး အသီးများရင့်မှည့်လာချိန်တွင် ဆွတ်ခူးရောင်းချစားသုံးနိုင်ကြောင်း သိရသည်။

အဆိုပါကြက်ပေါင်သီးများကို ဒေသခံများက သရေစာအဖြစ်စားသုံးခြင်းအပြင် ဟင်းလျာအဖြစ် စားသုံးခဲ့ကြရာမှ နှစ်သက်စားသုံးသူများပြားလာကာ စားဖိုဆောင်သီးနှံအဖြစ် ရောက်ရှိလာပြီး  ယခုအခါ လိပ်သိုမြို့ပေါ်ရှိ  ဈေးဆိုင်အချို့တွင် ကြက်ပေါင်သီး တစ်ပိဿာလျှင် (၃၀၀ဝိ/-) ကျပ်ဖြင့် လက်လီရောင်းချလျက်ရှိကြောင်း သိရသည်။


နော်ဖလောရင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)