ပုဇွန်တောင်မြို့နယ် အထက်ပုဇွန်တောင် လမ်းတစ်လျှောက်ရှိ လိုင်စင်ရှိ ဆိုင်/လုပ်ငန်းများမှ ကော်မတီပိုင် လမ်းနယ်အတွင်း ကျူးကျော်ခင်းကျင်းရောင်းချမှုမရှိရေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ် အထက်ပုဇွန်တောင် လမ်းတစ်လျှောက်ရှိ လိုင်စင်ရှိ ဆိုင်/လုပ်ငန်းများမှ ကော်မတီပိုင် လမ်းနယ်အတွင်း ကျူးကျော်ခင်းကျင်းရောင်းချမှုမရှိရေး ဆောင်ရွက်



ပုဇွန်တောင်  ၊ အောက်တိုဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအနေဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် ပုဇွန်တောင်မြို့နယ် သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးအပြင် မြို့နယ်အတွင်း ကော်မတီပိုင်လမ်းနယ်အတွင်း ကျူးကျော်ခင်းကျင်းရောင်းချမှုမရှိရေး အဖွဲ့များခွဲကာ နေ့စဉ် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်အတွင်း အထက်ပုဇွန်တောင်လမ်းရှိ လိုင်စင်ရှိ ဆိုင်/လုပ်ငန်းများမှ ကော်မတီပိုင်လမ်းနယ်အတွင်း ကျူးကျော်ခင်းကျင်းရောင်းချမှုမရှိရေးကို ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကာ အထက်ပုဇွန်တောင်လမ်းရှိ ကော်မတီပိုင်လမ်းနယ်အတွင်း အဖီအစွယ်ကျူး၊ လမ်းနယ်ကျူးများအား ကျူးကျော်ခင်းကျင်းရောင်းချမှု မရှိစေရေးနှင့် လမ်းဘေးစျေးသည်များရောင်းချမှု မရှိစေရေး လိုက်လံစစ်ဆေး ဆောင်ရွက်ပေးခဲ့သည်။

ပုဇွန်တောင်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ စည်းကမ်းတကျရှိစေရေး၊ ကိုဗစ်ရောဂါပြန့်ပွားမှု မရှိစေရေးတို့အတွက် ဆောင်ရွက်သည့် လုပ်ငန်းများအား မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် လက်ထောက်အုပ်ချုပ်ရေးမှူးတို့မှ နေ့စဉ်အနီးကပ်ကြီးကြပ်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။  


ဟန်စုယဉ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)