ဂန့်ဂေါမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂန့်ဂေါမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး

 




ဂန့်ဂေါ  ၊ အောက်တိုဘာ ၃၁


မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း နှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ခ.လ.ရ(၅၀) တပ်ရင်းနှင့် မွန်းလွဲ ၁ နာရီအချိန်က အမြှောက်တပ်(၃၇၁)တပ်ရင်းခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။                          

ဦးစွာအခမ်းအနားတွင် ဂန့်ဂေါမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းထွဋ်အောင်က မြန်မာအီလက်ထရောနစ်မဲပေး စက်ဖွဲ့စည်းတည်ဆောက်ပုံနှင့် မဲပေးပုံအဆင့်များကို ရှင်းလင်းပြောကြားခဲ့သည်။  ထို့နောက်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်လွင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ဆုရည်ဖြိုးတို့က မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြုနည်းများကို လက်တွေ့ရှင်းလင်းပြသခဲ့ပြီး တက်ရောက်လာကြသည့် ခ.လ.ရ(၅၀)တပ်ရင်း မှတပ်ဖွဲ့ဝင်များနှင့် မိသားစုမှီခိုရဲမေများ၊ အမြှောက်တပ်(၃၇၁)မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုမှီခိုသူရဲမေများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။       

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းထွဋ်အောင်၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်လွင်၊ မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ဆုရည်ဖြိုးနှင့် ဝန်ထမ်းများ၊ ခ.လ.ရ(၅၀)ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးသက်ပိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ခ.လ.ရ(၅၀)တပ်ရင် းမှူး၏ဇနီး ဒေါ်မေဥမ္မာဦးနှင့် မိသားစုမှီခိုရဲမေများ၊ အမြှောက်တပ်(၃၇၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တင်ဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မိသားစုမှီခိုရဲမေများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မောင်မျိုးမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)