အင်ဒိုနီးရှား ဘောလုံး အဖွဲ့ချုပ်က ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဆော်ဒီအာရေဗီးယားအသင်းနဲ့ အီရတ်အသင်းတို့ကို ရင်ဆိုင်ရမှာ ဖြစ်လို့ ဘက်လိုက်မှုများ မဖြစ်ပေါ်စေရန်အတွက် အရှေ့အလယ်ပိုင်းဒေသက ဒိုင်တွေအစား ဥရောပ နဲ့ အခြား ဒေသတွေက ဒိုင်တွေကို ကစားပွဲအား ကြီးကြပ်စေလိုကြောင်း ဖီဖာ ( ကမ္ဘာ့ ဖလား ဘောလုံး အဖွဲ့ချုပ်) ကို စာရေးပြီး တောင်းဆိုထားပါတယ်။
( JAKARTA GLOBE)
ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီသည် ၂၀၂၅ ခုနှစ် ပထမကိုးလအတွင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၇.၈ ဘီလီယံနီးပါး တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၅၄၆ ခုကို အတည်ပြုခဲ့တာကြောင့် အလုပ်အကိုင် ၄သိန်းနီးပါးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။
( FRESH NEWS )
ဖိလစ်ပိုင် စိုက်ပျိုးရေးဌာန (DA)က ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အရှေ့တောင်အာရှဒေသတွင်း မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုက အရှိန်မြှင့်လာသောကြောင့် ဖိလစ်ပိုင်နိုင်ငံ က ပြန်လည်ရှင်သန်ကြီးထွားလာပြီး ခံနိုင်ရည်ရှိသော စိုက်ပျိုးရေးစနစ်များကို လိုက်လျောညီထွေဖြစ်စေရန် အကောင်းမြင်ထားကြောင်း မနေ့က ပြောကြားခဲ့ပါတယ်။
(PNA)
နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် စင်ကာပူ ခေါင်းဆောင်များက တရုတ်နိုင်ငံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
( CNA)
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွန်ခတ်ခေါင် က နိုင်ငံပေါင်း ၆၇ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၅ ခုမှ သံတမန် ၉၉ ဦးကို ခေါ်ယူတွေ့ဆုံပြီး အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းသော ဆက်ဆံရေးနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ကတိကဝတ်များကို အကျဉ်းချုံးပြီးပြောကြားခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေမှာ တွင် ထိုင်းနိုင်ငံရဲ့တည်ရှိမှုကို ပြန်လည်ထူထောင်ရန် အလေးပြောကြားခဲ့ပါတယ်။ ပူးပေါင်းမိုင်းရှင်းလင်းရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားကို ရိုးသားစွာ ကြိုးပမ်း လုပ်ဆောင်ရန် တိုက်တွန်းခဲ့ပါတယ်။
(THE NATION)
ဗီယက်နမ်နိုင်ငံရဲ့ သက်သတ်လွတ်အစားအစာစျေးကွက်သည် နှစ်စဉ် ပျမ်းမျှ ၈.၁ ရာခိုင်နှုန်း နှုန်းဖြင့် ကြီးထွားနေပြီး ၂၀၃၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၂၀ သန်း ရောက်ရှိရန် ခန့်မှန်းထားပါတယ်။ သက်သတ်လွတ်စားခြင်းသည် ရေရှည်တည်တံ့သော စားသုံးသူအလေ့အထ အဖြစ် ပြောင်းလဲနေကြောင်း သိရပါတယ်။ (VIETNAMPLUS)
https://t.me/MyanmarNationalPost

No comments:
Post a Comment