ခရီးသည်လေယာဉ်တစ်စင်း အာကာသထဲက ပြုတ်ကျလာတဲ့အပျက်အစီးတွေ နဲ့ တိုက်ခိုက်မိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ခရီးသည်လေယာဉ်တစ်စင်း အာကာသထဲက ပြုတ်ကျလာတဲ့အပျက်အစီးတွေ နဲ့ တိုက်ခိုက်မိ


အောက်တိုဘာ - ၂၁ ( အင်္ဂါနေ့ ) 

ယူနိုက်တက်လေကြောင်းလိုင်းပိုင် ဘိုးအင် ၇၃၇မက်စ် ၈  လေယာဉ်က အာကာသအတွင်းမှ အပျက်အစီးများလို့ ယူဆရတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့အရာဝတ္ထုတစ်ခုနဲ့ တိုက်မိသွားတယ်လို့ သိရပါတယ်။ 

ယူနိုက်တက် ရဲ့ လေယာဉ်ခရီးစဉ် ၁၀၉၃ က ကော်လိုရာဒို၊ ဒိန်ဗားမြို့ကနေ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ခရီးသည် ၁၄၀ တင်ဆောင်ကာ လော့စ်အိန်ဂျလိစ်မြို့ သို့ ထွက်ခွာလာခဲ့ပါတယ်။ ထွက်ခွာပြီး မိနစ် ၄၀ ခန့်တွင် လေယာဉ်သည် ယူတက်ပြည်နယ်ကို ပျံသန်းစဉ် မမျှော်လင့်ဘဲ ဆော့လိတ်မြို့မှာ ဆင်းသက်ဖို့ လမ်းကြောင်း ပြောင်းလိုက်ရပါတယ်။ 

ဆိုရှယ်မီဒီယာတွေမှာ တင်ထားတဲ့ အတည်မပြုနိုင်သောပုံတွေထဲမှာတော့ လေယာဉ်ကိုယ်ထည်ပျက်စီးမှု နဲ့  လေယာဉ်မှူးခန်းအတွင်းရှိ မှန်ကွဲများအပြင် လေယာဉ်မှူးရဲ့လက်မောင်းတွင် သွေးထွက်နေတာတွေကို မြင်ရပါတယ်။ 

လေကြောင်းသတင်းဝဘ်ဆိုဒ် AvBrief.com ရဲ့အဆိုအရ လေယာဉ်သည် “အာကာသအပျက်အစီးများ”နဲ့ ထိမှန်ခဲ့ကြောင်း လေယာဉ်မှူးက ပြောတယ်လို့ သိရပါတယ်။ AvBrief မှ စုံစမ်းစစ်ဆေးသူတွေကတော့ လေယာဉ်သည် မိုးလေဝသတိုင်းတာတဲ့ ပူဖောင်းတစ်ခု နဲ့ တိုက်မိတာဖြစ်နိုင်တယ် လို့ ခန့်မှန်းထားကြပြီး အဲ့ဒိဘက်ကို ပိုပြီးအာရုံစိုက်စစ်ဆေးနေပါတယ်။ ခရီးသည်တွေ၊ လေယာဉ်အမှုထမ်းတွေကတော့ “လေယာဉ်က အရာဝတ္ထုတစ်ခုနှင့် တိုက်မိ” ကြောင်း အင်တာကွန်မှတစ်ဆင့် သူတို့ကို ကြေညာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ 

အမျိုးသားသယ်ယူပို့ဆောင်ရေးဘေးကင်းရေးဘုတ်အဖွဲ့ (NTSB) က လေယာဉ်ပေါ်တွင် ကွဲအက်နေသော လေကာမှန်ကို စုံစမ်းစစ်ဆေးနေကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့ပြီး ယူနိုက်တက်လေကြောင်းလိုင်းကတော့ လေကာမှန်ပျက်စီးသွားကြောင်း အတည်ပြုခဲ့ပေမဲ့ မှတ်ချက်တစ်စုံတစ်ရာ မပေးပါဘူး။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)