အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၁/ ၂၀၂၅ ဖွင့်ပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၁/ ၂၀၂၅ ဖွင့်ပွဲ ပြုလုပ်



အမရပူရ  ၊ အောက်တိုဘာ ၁၅


မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် အောက်တိုဘာလ ၁၃ရက်နေ့ ညနေ ၃နာရီအချိန်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၁/ ၂၀၂၅ ဖွင့်ပွဲကို ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမရပူရခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသားများအတွက် တူညီဝတ်စုံများကို ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထက်က ယခုသင်တန်းတွင် တက်ရောက်မည့် သင်တန်းသားငါးဆယ်ဦးကို ကျွမ်းကျင်သည့် နည်းပြဆရာများနှင့် မီးသတ်အတတ်ပညာကို အခြေခံကအစ တတ်ကျွမ်းသည်အထိ သင်ကြားပေးမည့်အပြင် ကယ်ဆယ်ရေးအတတ်ပညာများကိုလည်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း သင်ကြားတတ်မြောက်သည့် အတတ်ပညာများဖြင့် မိမိဒေသအတွက် အကျိုးရှိရှိအသုံးချသွားစေလိုကြောင်းနှင့် မိမိရပ်ရွာလူငယ်များပါ ဆက်လက်လက်ဆင့်ကမ်း သင်ကြားသွားစေလိုကြောင်းနှင့် သင်တန်းကာလတစ်လအတွင်း ပျက်ကွက်မှုမရှိ တက်ရောက်သင်ကြားစေလိုကြောင်းတို့ကို ပြောကြားခဲ့ကြောင်း သိရသည်။


စိုးသီဟ (အမရ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)