အောက်တိုဘာ - ၄ (စနေနေ့)
အရှေ့အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ အီသီယိုပီးယား က အမ်ဟာရာ ဒေသတွင် ဆောက်လုပ်ဆဲ ဘုရားကျောင်း အဆောက်အဦ ပြိုကျမှုကြောင့် ဝတ်ပြုသူ ဒါဇင်နှင့်ချီ သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။
မန်ဂျာရှန်ကိုရာ ခရိုင် အာရာတီမာရီယန် ဘုရားကျောင်းတွင် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက စိန့်မေရီ ရဲ့ နှစ်စဉ် သြသဒေါက်စ် ခရစ်ယာန်ပွဲအတွက် လူစုလူဝေးပြုလုပ်နေစဉ် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ မျက်မြင်သက်သေအချို့ရဲ့ အဆိုအရ ဘုရာကျောင်းကို လာရောက်လည်ပတ်သူများ က မျက်နှာကျက်နံရံကို ကြည့်ရှုရန် တက်ခဲ့ကြစဉ် ဘုရားကျောင်းအတွင်းမှ ငြမ်းများပြိုကျခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူအရေအတွက် ခန့်မှန်းချက်များ ကွဲပြားမှုရှိပေမဲ့ အီသီယိုးပီးယားနိုင်ငံပိုင် ရုပ်သံလွှင့်ဌာန ဖာနာ က ပြိုကျမှုကြောင့် “အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ပြီး အခြား ၂၀၀ ကျော် ဒဏ်ရာရရှိသွားတယ်” လို့ ပြောကြားခဲ့ပါတယ်။
အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ အဆိုအရ သိရပါတယ်။ လက်ရှိအထိက စာရင်းအတိအကျမသိနိုင်သလို ဆေးရုံ ဆေးခန်းတွေမှာ ကုသရင်း သေဆုံးသွားသူတွေနဲ့ ပျောက်ဆုံးနေတဲ့ လူတွေရဲ့ စာရင်းကလည်း တိုးလာနေပါတယ်။
ဖာနာ ရုပ်သံမှ ထုတ်လွှင့်သော ကြေညာချက်တွင် အစိုးရက "ငြမ်းပြိုကျမှုကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် အလေးအနက်ဝမ်းနည်းကြောင်း" ပြောကြားခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ ဆောက်လုပ်ရေးများ အားလုံးတွင် "လုံခြုံရေးကို ဦးစားပေးရမည်" လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost



No comments:
Post a Comment