တီးတိန်မြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တီးတိန်မြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး ထိုးနှံ

 



တီးတိန်  ၊ အောက်တိုဘာ ၂၃


ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကျန်းမာရေးဌာနဝန်ထမ်းများက အသက်(၉)နှစ်နှင့် (၁၀)နှစ်ကြား ကျောင်းသူများအား (HPV)သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့် အသက်(၅)နှစ်နှင့် (၇)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား DT ဆုံဆို့မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာ ၂၁ ရက်နေ့က ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းရှိ‌‌ ကျောင်းသား၊ ကျောင်းသူ(၁၁၃)ဦးအား သွားရောက်ထိုးနှံ‌ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)