တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းမြို့တွင် ကျင်းပသည့် ဘင်ခရာစွမ်းရည်ပြပွဲနှင့် တွေ့ဆုံပွဲသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းမြို့တွင် ကျင်းပသည့် ဘင်ခရာစွမ်းရည်ပြပွဲနှင့် တွေ့ဆုံပွဲသို့တက်ရောက်

 



ကော့သောင်း ၊ အောက်တိုဘာ ၃၁


တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် ဘင်ခရာအဖွဲ့စွမ်းရည်ပြပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အမှတ်(‌၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများ၊ ကော့သောင်းမြို့နယ် ဘင်ခရာအဖွဲ့ဝင်များ၊ နည်းပြများတက်ရောက်ကြသည်။


ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများအား ကော့သောင်းမြို့နယ် ဘင်ခရာအဖွဲ့မှအလေးပြု၍ “မြန်မာ့ကျောင်း”သီချင်းဖြင့် စွမ်းရည်ပြတီးမှုတ်ကြသည်။ ယင်းနောက် မြတ်ရတနာခန်းမတွင် တွေ့ဆုံပွဲဆက်လက်ကျင်းပရာ ဝန်ကြီးချုပ်ဦးမြတ်ကိုက “‌ကျောင်းသား၊ ကျောင်းသူများသည် တိုင်းပြည်၏အနာဂတ်အတွက် လိုအပ်သည့်ခေါင်းဆောင်များဖြစ်၍ မိမိတို့ဒေသအတွက် အကျိုးရှိသည့် လူတော်လူကောင်းများဖြစ်ရန်အတွက် မိဘ၊ ဆရာများနှင့် တာဝန်ရှိသူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိဘ၊ ဆရာများကလည်း မိမိတို့ကလေးများအား ဆထက်တိုး၍ ပိုမိုထွန်းတောက်အောင် ဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြရန်လိုအပ်ကြောင်း၊ ကော့သောင်းမြို့သည် နယ်စပ်ဒေသမြို့ဖြစ်ပြီး တစ်ဖက်နိုင်ငံနှင့်ယှဉ်လာသည့်အခါ ကော့သောင်းမြို့သည် နိုင်ငံ၏ပြရုပ်ဖြစ်သည့်အတွက် မြို့နေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့အသွင်အပြင် လက္ခဏာများ စည်းကမ်းပြည့်ဝ‌သော ဥပဓိရုပ်ရှိစေရန်ဆောင်ရွက်ခြင်းသည် မိမိတို့ဒေသသာမက နိုင်ငံ့ဂုဏ်နှင့်သိက္ခာကိုပါ မြှင့်တင်ရာရောက်သည့်အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း” ပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ကော့သောင်းမြို့နယ် ဘင်ခရာအဖွဲ့အတွက် ချီးမြှင့်ငွေသိန်း (၂၅၀)အားပေးအပ်၍ ကော့သောင်းမြို့၊ Victoria Cliffမှ တာဝန်ရှိသူက ကော့သောင်းမြို့နယ် ဘင်ခရာအဖွဲ့အတွက် ချီးမြှင့်ငွေသိန်း(၁၅၀)အား ပေးအပ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)