လိပ်သိုဒေသတွင် လက်ဖက်ခြောက်များ ပြုလုပ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လိပ်သိုဒေသတွင် လက်ဖက်ခြောက်များ ပြုလုပ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ




လိပ်သို  ၊ အောက်တိုဘာ ၂၈


ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဒေသနေပြည်သူများသည် အသက်မွေးဝမ်းမှုအဖြစ် ဥယျာဉ်ခြံလုပ်ငန်းကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။


လိပ်သိုဒေသသည် အ‌အေးပိုင်းဒေသဖြစ်သည့်အားလျော်စွာ လက်ဖက်စိုက်ပျိုးခြင်းလုပ်ငန်းသည် အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခုအခါ မိုးအကုန်‌ဆောင်းအကူး ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် လက်ဖက်စိုက်ပျိုးသူတောင်သူများအနေဖြင့် လက်ဖက်ရွက်အနုများ ခူးယူကာ လက်ဖက်ခြောက်များ ပြုလုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။


အဆိုပါလက်ဖက်ခြောက်များတစ်ပိဿာလျှင် (၂၀၀၀ဝိ/-) ကျပ်အထိ ဈေးရရှိနေသဖြင့် လက်ဖက်ခြောက် ပြုလုပ်ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း၊ လက်ဖက်ခြောက်အပြင် လက်ဖက်စိုများကိုလည်း ပြုလုပ်ရောင်းချကြကြောင်း သိရသည်။


နော်ဖလောရင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)