ပြင်ဦးလွင်မြို့တွင် အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဆု ယှဉ်ပြိုင်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့တွင် အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဆု ယှဉ်ပြိုင်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း




ပြင်ဦးလွင်   ၊ အောက်တိုဘာ   ၂၈   


မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့တွင် အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဆုယှဉ်ပြိုင်နိုင်ရန်အတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။


ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးက အမှာစကားပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာငြိမ်းချမ်းမှ အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဆုယှဉ်ပြိုင်နိုင်ရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား အသေးစိတ်ရှင်းလင်းပြောကြားသည်။


ဆက်လက်ပြီး ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များက အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဆု ယှဉ်ပြိုင်နိုင်ရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)