အောက်တိုဘာ - ၁၉ ( တနင်္ဂနွေနေ့ )
ဆွီဒင်နိုင်ငံ မယ်လ်မိုမြို့ရှိ ဂျူးနိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ကျင်းပရန် သဘောတူညီမှု မရတဲ့အတွက် ပွဲ ဖျက်သိမ်းလိုက်ရကြောင်း နဲ့ အစိုးရပိုင်းက “လုံခြုံရေးအကြောင်းပြချက်များ” ကို ကိုးကားပြီးငြင်းပယ်လိုက်တာ ဖြစ်နိုင်တယ်လို့ ပွဲစီစဉ်သူများက ပြောကြားခဲ့ပါတယ်။
၂၀၂၃ အောက်တိုဘာ (၇) အကြမ်းဖက်မှု အပြီး ဂါဇာတွင် အစ္စရေးရဲ့ စစ်ရေး ထိုးစစ်တွေ စလုပ်တဲ့အချိန်ကတည်းက အနောက်နိုင်ငံများတွင် ဂျူးယဉ်ကျေးမှုဆိုင်ရာ အဖြစ်အပျက်များစွာကို ပြသခြင်းတွေက အစိုးရပိုင်းကနေ ပိတ်ဆိုလာတာကို တွေ့လာခဲ့ရပါတယ်။ သောကြာနေ့က ဖေ့စ်ဘုတ် ပို့စ်တစ်ခုတွင်၊ ပွဲတော်စီစဉ်သူ ဆမ်ကလီဘန်နော့ဗ်က ပွဲ လုပ်ဖို့အတွက် ရုပ်ရှင်ရုံတစ်ရုံတောင် ငှားလို့ရဘူးဖြစ်ခဲ့တာက တော်တော်ကိုကြီးတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့ပါတယ်”လို့ ရေးတင်ခဲ့ပါတယ်။
“အကြောင်းပြချက်အမျိုးမျိုးပေးပြီး ကျနော်တို့ပွဲ မဖြစ်အောင်တားခဲ့ကြပါတယ်။ ကျနော်တို့ရဲ့ အနုပညာကို ပြသစရာ နေရာလေးတစ်ခုကိုတောင် မရခဲ့ပါဘူး ။ အချို့ရုံတွေက ပွဲတွေပြည့်နေလို့ ၊ အချို့ရုံတွေက လုံခြုံတွေ မလုံလောက်လို့ အစရှိတဲ့ ဆင်ခြေတွေ မျိုးစုံပေးတာကို ကြုံခဲ့ရပါတယ်” ဆိုပါတယ်။ ဆွီဒင်နိုင်ငံမှာ နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိကျင်းပမယ့် ဂျူးလူမျိုးတို့၏ နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်ပွဲတော်ကို ဖျက်သိမ်းလိုက်ပါတယ်။ ဆွီဒင်ယဉ်ကျေးမှု ၀န်ကြီး ကတော့ ဒီလိုအခြေအနေက လူ့အဖွဲ့အစည်းအတွက် ဘေးအန္တရာယ် ဖြစ်နိုင်လို့နဲ့တူပါတယ် လို့ မှတ်ချက်ပေးခဲ့ပါတယ်။
အလားတူ ဂျူးဆန့်ကျင့်ရေးဝါဒတွေက ဂျာမဏီနိုင်ငံမှာလည်း ၂၀၂၃ နောက်ပိုင်းမှာ သိသိသာသာမြှင့်တက်လာပြီး စံချိန်တင်အနေအထားကို ရောက်လာနေတယ်လို့ လည်း ဂျူးဆန့်ကျင်ရေးကော်မရှင်နာက ပြောသွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment