ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ် ထပ်တိုးကြေညာထားရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ် ထပ်တိုးကြေညာထားရှိ





ပုဇွန်တောင်၊ အောက်တိုဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဒေသခံပြည်သူများ နိုင်ငံသားအခွင့်အရေး မဆုံးရှုံး စေရေး၊ မဲပေးပိုင်ခွင့်ရှိသူများ၏ မဲဆန္ဒရှင်အမည်စာရင်းများကို မြို့နယ်ရွေးကောက်ပွဲ ကော် မရှင်အဖွဲ့ခွဲနှင့်သက်ဆိုင်ရာရပ်ကွက်ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲတို့က ပထမအကြိမ် ရက် ထပ်တိုးကြေညာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပထမ အကြိမ် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာလမှစတင်၍ အောက်တိုဘာလ(၁၃)ရက်နေ့ အထိ မူလက ထပ်တိုးကြေညာထားရှိပြီး မဲဆန္ဒရှင်များ၏ ဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးမှုနှင့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်စေရန် ဆန္ဒမဲပိုင်ရှင် များ၏ အချက်အလက်များ ပြည့်စုံမှန်ကန်မှုများ စစ်ဆေးဆောင်ရွက်နိုင်စေရန်၊ မဲစာရင်း၌ မိမိအမည်မပါရှိသေးပါက ဖြည့်သွင်းလျှောက်ထားနိုင်ရေးနှင့် လူပုဂ္ဂိုလ်တစ်ဦးအား ကန့်ကွက် လိုပါက ကန့်ကွက်လိုသူများကိုယ်တိုင် လျှောက်ထားဆောင်ရွက်နိုင်ရေး၊ ဖြည့်သွင်းလျှောက် ထားနိုင်ရေးတို့အတွက် ပထမအကြိမ် ရက်ထပ်တိုးကြေညာခြင်းကို အောက်တိုဘာလ(၁၄) ရက်နေ့မှ (၂၀)ရက်နေ့အထိ ဆောင်ရွက်ထားခြင်းဖြစ်သည်၊၊ မဲဆန္ဒရှင်များက ရက်ထပ်တိုး ကြေညာခြင်းကို လာရောက်ကြည့်ရှုလျက်ရှိသလို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်း ကြေ ညာစာရင်း၌ အမည်စာရင်းမပါရှိခြင်း၊ အမည်၊ ကျား/မ၊ မွေးသက္ကရာဇ်၊ နိုင်ငံသား မှတ်ပုံတင် အမှတ်၊ နေရပ်လိပ်စာကွဲလွဲမှုနှင့် ကန့်ကွက်လိုသူ လူပုဂ္ဂိုလ်များအား ရပ်ကွက်ကော်မရှင်အဖွဲ့ ခွဲရုံးများထံမှ သက်ဆိုင်သည့်လျှောက်လွှာများ တောင်းခံ၍ ဖြည့်သွင်းရေးသား လျှောက်ထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဟန်စုယဉ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)