လူမိုက်ဂိုဏ်းတွေကို ဖြိုခွင်းဖို့ ဘရာဇီး သမ္မတက အမိန့်ထုတ်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူမိုက်ဂိုဏ်းတွေကို ဖြိုခွင်းဖို့ ဘရာဇီး သမ္မတက အမိန့်ထုတ်ပြီ



အောက်တိုဘာ - ၃၁ ( သောကြာနေ့ ) 

ဘရာဇီး သမ္မတလူလာဒါဆေးလ်ဗားက မြို့တော်အပါအဝင် ပြည်နယ်အများအပြားမှာ အကြမ်းဖက်မှုများ ကြီးထွားလာနေတာဖြစ်လို့ စနစ်တကျလုပ်နေတဲ့ ရာဇဝတ်မှုများကို တိုက်ဖျက်ဖို့ ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေလုပ်ပြီး ပြစ်ဒဏ်များ တိုးမြှင့်ပေးမဲ့ ဥပဒေသစ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ 

အဲ့ဒိ အရေးယူဆောင်ရွက်မှုမှာ တာဝန်ရှိသူတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဟန့်တားခြင်း၊ ဒါမှမဟုတ် ရာဇဝတ်မှုဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်သူနေတဲ့သူတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်များ ချမှတ်ထားပြီး ယင်းလုပ်ငန်းများတွင် ပါဝင်တဲ့ တရားသူကြီးများ၊ အစိုးရရှေ့နေများနှင့် ဥပဒေအရာရှိများအတွက် အကာအကွယ် ပိုမို ပေးထားပါတယ်။ 

၂၀၁၃ ခုနှစ် ရာဇသတ်ကြီးနှင့် ရာဇဝတ်မှု ဆိုင်ရာ အဖွဲ့အစည်းများဥပဒေတို့ကို ပြင်ဆင်သည့်ဥပဒေတွင် တရားစီရင်ရေးလုပ်ငန်းစဉ်များကို စွက်ဖက်ခြင်း သို့မဟုတ် အာဏာပိုင်များကို ခြိမ်းခြောက်ခြင်း မည်သူ့ကိုမဆို ထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဆိုထားပါတယ်။ ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ချမှတ်ခံရသူများကို ဖက်ဒရယ်လုံခြုံရေး အမြင့်ဆုံးအကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံရန်ကိုလည်း ထည့်သွင်းထားပါတယ်။ 

ဘရာဇီးအစိုးရရဲ့ အဆိုအရ မြို့ပြတွေမှာ အကြမ်းဖက်မှုတွေ အများစုလုပ်တဲ့ ကွန်မန်ဒိုဗာမယ်ဟို တို့လို ပရီမီယို ကွန်မန်ဒိုဒါ ကတ်ပီတယ် တို့လို ရာဇဝတ်ဂိုဏ်းတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေက တရားစီရင်ပိုင်းဆိုင်ရာစွမ်းရည်ကို အားကောင်းစေတယ်လို့ သိရပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)