မြောက်ဥက္ကလာပ၊ အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးကြပ်၍ မြို့နယ်ဆက်သွယ်ရေးအဖွဲ့ မှ တာ၀န်ရှိသူများက လျှပ်စစ်ဓာတ်မီးတိုင်ပေါ်ရှိ ရှုပ်ထွေး နေသော အင်တာနက်ကြိုးများအား ယနေ့ နံနက်ပိုင်းက မြေပြင်ကွင်းဆင်းရှင်းလင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆက်သွယ်ရေးအဖွဲ့ နှင့် Myanmar Country, Myanmar Net, Stream Net, we link တို့မှ ပူးပေါင်းကာ ခေမာသီလမ်း( မြောက်ဥက္ကလာအဝိုင်းမှ မေဓါဝီလမ်းဆုံထိ) လျှပ်စစ်ဓာတ်မီးတိုင်ပေါ်ရှိ ရှုပ်ထွေးနေသော အင်တာနက်ကြိုးများအား သက်ဆိုင်ရာတာ၀န်ရှိသူများက စနစ်တကျ သွယ်တန်းစေခြင်းနှင့် မလိုအပ်သည့် ကြိုးများအား ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost



No comments:
Post a Comment