အောက်တိုဘာ - ၂၀ ( တနင်္လာနေ့ )
ရုရှားနှင့် ယူကရိန်းတို့အနေနဲ့ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှေ့တန်းဒေသ ဒွန်ဘားစ်မှာ အပစ်ရပ်ထားသင့်တယ် လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပြီး ရုရှားက ဒေသအားလုံးနီးပါးကို ထိန်းချုပ်ထားကြောင်း လည်းဆိုပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဖုန်းဖြင့် စကားပြောခဲ့ပြီး နောက်တစ်နေ့မှာ ထရမ့်က အိမ်ဖြူတော်တွင် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇယ်လင်စကီးနဲ့ တွေ့ဆုံပြီးနောက် အခုလိုပြောလိုက်တာပဲ ဖြစ်ပါတယ်။
"သူတို့လုပ်သင့်တဲ့အရာက သူတို့ရောက်ရှိနေတဲ့ နေရာတွေမှာ နေမြဲအတိုင်းနေပြီး အပစ်ရပ်လိုက်ရုံပါပဲ။ ကျန်တာတွေကို နောက်မှ ဆက်ညှိကြတာပေါ့။ အဲ့ဒိအပိုင်းက အရမ်းကို ခက်လို့ပါ။ လိုင်းတွေကို ရပ်လိုက်ရုံပဲလို့ ထင်တာ။ ကျန်တဲ့အပိုင်းက ညှိနှိုင်းရတာ အရမ်းခက်တယ်။ လောလောဆယ်က လူတွေသတ်နေတာတွေ၊ သေနေတာတွေကို ရပ်အောင်အရင်လုပ်သင့်တယ်” လို့ မနေ့ကညနေပိုင်းမှာ အမေရိကန်သမ္မတတွေ စီးတဲ့ အဲယားဖို့စ်ဝမ်း လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒွန်ဘားစ်ဒေသနဲ့ ပတ်သက်ပြီး သတင်းထောက်တွေမေးရာမှာတော့ “ကျနော်ပြောပြမယ်။ ဒွန်ဘားစ်ဒေသ ရဲ့ ၈၀% လောက်က ရုရှားတွေ သိမ်းထားပြီးပြီ။ လောလောဆယ် အဲ့ဒါကို လက်လွှတ်လိုက်တော့ နောက်မှ တဖြည်းဖြည်းချင်း ပြန်ညှိရမှာ။ အဲ့လိုလုပ်တာက အကောင်းဆုံးအနေအထားပါ” လို့ ပြောပါတယ်။
၂၀၂၄ တုန်းက ရုရှားက ဒွန်ဘားစ်ဒေသမှာ ပြည်သူ့ဆန္ဒကောက်ယူပွဲလုပ်တော့ ရုရှားနဲ့ ပေါင်းမယ်ဆိုပြီး ထောက်ခံမဲအပြတ်အသတ် ရခဲ့ပါတယ်။ ရုရှားက အဲ့ဒိဒေသတွေကို ဒွန်ညက်နဲ့ လူဟန်စ် နိုင်ငံတွေအဖြစ် လွတ်လပ်ရေး ပေးခဲ့ပါတယ်။ ပြဿနာက ယူကရိန်းနဲ့ အဲ့ဒိနိုင်ငံတွေက နယ်နမိတ် မသက်မှတ်ရသေးတာပါ။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment