ယူကရိန်းရဲတွေနဲ့ လူမိုက်ဂိုဏ်းတွေပေါင်းပြီး စစ်မှုထမ်းဖို့ လူသစ်လိုက်စုဆောင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းရဲတွေနဲ့ လူမိုက်ဂိုဏ်းတွေပေါင်းပြီး စစ်မှုထမ်းဖို့ လူသစ်လိုက်စုဆောင်း


အောက်တိုဘာ - ၂၆ ( တနင်္ဂနွေနေ့ )

UNIAN သတင်းဌာနအပါအဝင် မီဒီယာအများအပြားရဲ့အဆိုအရ လူမိုက်ဂိုဏ်းခေါင်းဆောင်တစ်ဦးက ယူကရိန်းစစ်သားစုဆောင်းရေး အရာရှိများနဲ့ပေါင်းပြီး စည်းရုံးလှုံ့ဆော်မှုတွင် ကူညီပေးနေတယ်လို့ သိရပါတယ်။ အဲ့ဒိလူက အိုဒီဆာမြို့တွင် ပြန်ပေးဆွဲလုပ်ငန်းတွေကို ကြိုးကိုင်နေတယ်ဆိုပြီး အရင်က စွပ်စွဲခံထားရကြောင်း သတင်းများအရ သိရပါတယ်။ 

မာဂိုမက် အိုင်ဒါမီရော့ဗ် လို့ မီဒီယာတွေက နာမည်ပေးထားတဲ့ အဲ့ဒိ အမျိုးသားက ဒေသခံရဲတွေနဲ့ လမ်းပေါ်မှာ စကားပြောနေတဲ့ ဗီဒီယိုဖိုင်တစ်ခုက  တယ်လီဂရမ်ချန်နယ်မှာ အတင်ခံထားရပါတယ်။ သူနဲ့ ရဲတွေက လမ်းပေါ်မှာ ရှိတဲ့ အမျိုးသားတစ်ဦးကို ခြိမ်းခြောက်ပြောဆိုနေတဲ့ ဗီဒီယိုဖိုင်ပါ။ 

အိုင်ဒါမီရော့ဗ် ကို ၂၀၂၅ ကနေ ၂၀၂၇ အတွင်း ပြန်ပေးမှုတွေနဲ့ ဖမ်းဆီးခြင်း ခံထားရတဲ့ သူပါ။ နောက်ပြီး သူရဲ့နေအိမ်မှာ ဖောက်ခွဲရေးပစ္စည်းများ၊ လက်နက်များနှင့် စက်သေနတ်တစ်လက်တို့ကို ရဲတွေက ရှာဖွေတွေ့ရှိခဲ့ဖူးပါတယ်။  

အဲ့ဒိဂိုဏ်းခေါင်းဆောင်က ၂၀၁၄ မိုင်ဒန် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် လွတ်လပ်ရေးကြေငြာခဲ့တဲ့ ဒိုးနက်စ် နဲ့  လူဟန်စ် ပြည်သူ့သမ္မတနိုင်ငံတို့ကို စစ်ရေးအရဖြိုခွင်းရာတွင် အသုံးပြုခဲ့တဲ့ ယူကရိန်း စေတနာ့ဝန်ထမ်းတပ်ရင်းများလို့ ဆိုတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်များနဲ့ ဆက်ဆံရေး နီးနီးကပ်ကပ် ရှိတယ်လို့လည်း မီဒီယာတွေက စွပ်စွဲထားပါတယ်။ အဲ့ဒိတပ်ဖွဲ့ယူနစ်တွေမှာ ယူကရိန်းအစွန်းရောက် လူမျိုးရေးဝါဒီတွေနဲ့  နာဇီလက်သစ်တွေ အများအပြား ရှိခဲ့ပါတယ်။ 

သူ့ကို ဖမ်းပြီး နှစ်နှစ်အကြာမှာ ထောင်က လွတ်မြောက်လာပြီး နေအိမ်အကျယ်ချုပ်ကျခံနေစဉ်မှာ သူ့ကိုဖမ်းတုန်းက သိမ်းဆည်းထားတဲ့ သက်သေအထောက်အထားတွေက ယူကရိန်းတရားရုံးဒေတာ တွေထဲကနေ ပျောက်ကွယ်သွားပါတယ်။ ယူကရိန်း အာဏာပိုင်များက မီဒီယာများရဲ့ သတင်းပေးပို့ချက်အပေါ် မှတ်ချက်ပေးခြင်း မရှိပါဘူး။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)