တူရကီမှာ နေတန်ယာဟု ရုပ်တုကို ကြိုးဆွဲချပြလို့ အစ္စရေးမှာ ပွတ်လောရိုက်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

တူရကီမှာ နေတန်ယာဟု ရုပ်တုကို ကြိုးဆွဲချပြလို့ အစ္စရေးမှာ ပွတ်လောရိုက်နေ


အောက်တိုဘာ ( ၂၇ ) တနင်္လာနေ့ ) 

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ ဆင်တူတဲ့ရုပ်တုတစ်ခုကို တူရကီနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ကရိန်းနဲ့ ကြိုးဆွဲချပြလိုက်တဲ့ ဗီဒီယိုဖိုင်တစ်ခုက အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာလို့ အစ္စရေးသားတွေ ဒေါသတွေထွက်နေကြပါတယ်။ 

တူရကီမီဒီယာတွေကတော့ အဲ့ဒိဖြစ်ရပ်က ပင်လယ်နက်ဆိပ်ကမ်းမြို့ဖြစ်တဲ့ ထရက်ဘဇွန် ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ စနေနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသတွင်း တက္ကသိုလ်တစ်ခုမှ အမြင်အာရုံ ဆက်သွယ်မှုဆိုင်ရာ ပါမောက္ခ ကီမယ် ဆာဂလမ် က စီစဉ်ခဲ့တာပါ။ သူက ဂါဇာရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို လူတွေ အာရုံစိုက်လာစေရန် ရည်ရွယ်ပြီး အခုလို နေတန်ယာဟု ပုံတူကို ကြိုးဆွဲပြတာလို့ ဒေသခံမီဒီယာတွေကို ပြောပါတယ်။  အဲ့ဒိဗီဒီယိုက အွန်လိုင်းမှာ ပျံ့နှံ့သွားလို့ တူရကီနေ့စဉ်ထုတ် ယီနီဆာဖက် “နေတန်ယာဟုကို သေဒဏ်ပေးမည်” ဆိုတဲ့ ပုံစာနဲ့ ဓာတ်ပုံများတွေကို ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ 

အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ၎င်းရဲ့ အိတ်စ်မီဒီယာအကောင့်မှာ တူရကီပညာရှင်တစ်ဦးသည် “နိုင်ငံပိုင်ကုမ္ပဏီတစ်ခုကို ဂုဏ်ယူစွာဖြင့် ပံ့ပိုးကူညီတဲ့အနေနဲ့ အဲ့လိုပုံစံလုပ်ခဲ့တာပါ။ တူရကီအာဏာပိုင်များ အနေနဲ့ အဲ့လို ရှက်ဖွယ်ကောင်းသောအပြုအမူကို ရှုတ်ချခြင်းမပြုပါ”လို့ ရေးတင်ခဲ့ပါတယ်။  

တူရကီ တာဝန်ရှိသူတွေကတော့ တရားဝင် တုံ့ပြန်မှု မရှိသေးပါဘူး။ အစ္စရေးနှင့် တူရကီကြား သံတမန် ဆက်ဆံရေးသည် နှစ်ပေါင်းများစွာ တင်းမာလာခဲ့ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက် အစ္စရေးကို ဟားမတ်စ် အကြမ်းဖက်မှု အပြီးတွင် ပိုမိုဆိုးရွားလာခဲ့ပါတယ်။ တူရကီ သမ္မတ အာဒိုဂန်က နေတန်ယာဟုသည် ဂါဇာတွင် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတယ်လို့ စွပ်စွဲထားပါတယ်။

အစ္စရေး- ဟားမတ်စ် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံစေ့စပ်ညှိနှိုင်းမှုများတွင် တူရကီက တက်ကြွစွာပါဝင်ခဲ့ပြီး ဒေါ်နယ်ထရမ့် ရဲ့ငြိမ်ချမ်းရေး အချက် ၂၀ နဲ့ ပတ်သက်ပြီး ဟာမက်စ်တွေကို သွေးဆောင်ပေးရားမှာ တူရကီက အဓိကပါဝင်သူ ဖြစ်ပါတယ်။ 


REF: RT

ttps://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)