အောက်တိုဘာ - ၁၀
အီလက်ထရွန်းနစ် ပစ္စည်းတွေရဲ့ မူရင်းအစိတ်အပိုင်းတွေမှာ တရုတ်နိုင်ငံထွက် မြေရှား သတ္တုတွေပါမယ်၊ ဒါမှမဟုတ် အဲ့ဒိသတ္တုတွေနဲ့ ဆက်စပ်နေတဲ့ ပစ္စည်းများကို နိုင်ငံခြားသို့ တင်ပို့ခြင်းအပေါ်ထိထိရောက်ရောက် ထိန်းချုပ်ရန် စည်းမျဉ်း စည်းကမ်းတွေကို ဒီကနေ့ပဲ တရုတ်အစိုးရပိုင်းက ကြေညာခဲ့ပါတယ်။
အဆိုပါ ကြေညာချက်အရ နိုင်ငံခြားအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် အဆိုပါမြေရှား သတ္တုများ နဲ့ ဆက်စပ်မှုရှိနေတဲ့ ပစ္စည်းများကို တရုတ်နိုင်ငံပြင်ပနိုင်ငံ သို့မဟုတ် ဒေသများမှ အခြားနေရာများသို့ မတင်ပို့မီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ တင်ပို့ခွင့်လိုင်စင်ကို ရယူရမယ်လို့ ဆိုပါတယ်။
အဖျက်စွမ်းအားကြီး လက်နက်တွေ နဲ့ ဆက်နွှယ်သည့် လုပ်ငန်းများတွင် ပါဝင်တဲ့ နိုင်ငံခြား စစ်ဘက် အဖွဲ့အစည်းများသို့ တင်ပို့ခြင်း သို့မဟုတ် တရုတ်နိုင်ငံ၏ ပို့ကုန်ထိန်းချုပ်မှု သို့မဟုတ် စောင့်ကြည့်စာရင်းတွင် ဖော်ပြခံထားရတဲ့ တင်သွင်းသူများ နဲ့ နောက်ဆုံးအသုံးပြုသူများထံသို့ တင်ပို့ခြင်းကို တင်းကျပ်သော စိစစ်မှု လုပ်နေပြီး ယေဘုယျအားဖြင့် အတည်ပြုပေးမှာ မဟုတ်ပါဘူး။
နည်းပညာအတွက် သုံးတာမှန်ပေမဲ့ အချို့သုတေသန လုပ်ငန်းတွေ၊ စစ်ဘက်ဆိုင်ရာ အေအိုင်လုပ်ငန်းတွေမှာ လိုအပ်တဲ့ ချစ်ပ်ပြားတွေ၊ အဆင့်မြင့်နည်းပညာသုံး စက်မှုလုပ်ငန်းတွေသုံးတဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားပို့တာတွေကို ထိန်းချုပ်တော့မယ်လို့ ဆိုတာပါ။
REF: CGTN
https://t.me/MyanmarNationalPost



No comments:
Post a Comment