ပြင်သစ်က သူခိုးနိုင်ငံ လို့ ပူတင်စွပ်စွဲပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်သစ်က သူခိုးနိုင်ငံ လို့ ပူတင်စွပ်စွဲပြီ


အောက်တိုဘာ - ၃ ( သောကြာနေ့ ) 

ပြင်သစ်နိုင်ငံက ရုရှား ရေနံတွေ တင်လာတဲ့ ရေနံတင်သင်္ဘောတစ်စင်းကို ဖမ်းဆီးထိန်းသိမ်းခြင်းက ခိုးကူးမှုအဖြစ် စွပ်စွဲကာ အကြောင်းပြချက်မရှိဘဲ နိုင်ငံတကာရေပိုင်နက်ထဲမှာ သင်္ဘောကို ဖမ်းဆီးထိန်းသိမ်းတယ်ဆိုပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်က ရှုတ်ချလိုက်ပါတယ်။  

မနေ့က ဆိုချီမြို့ရှိ ဗယ်ဒိုင်း ဆွေးနွေးပွဲ ၌ ပြောကြားရာတွင် ပြင်သစ် စုံစမ်းစစ်ဆေးသူများက "စစ်ဘက်ဆိုင်ရာ ကုန်တွေ နဲ့  ဒရုန်းတွေကို လိုက်ရှာကြတာပါ။ ဒါပေမဲ့ အဲ့ဒါတွေ တစ်ခုမှ မတွေ့တော့ သင်္ဘောကို ဖမ်းထားလိုက်တယ်” လို့ ပူတင်က အခိုင်အမာ ပြောကြားခဲ့ပါတယ်။ 

အဲ့လို စုံစမ်းစစ်ဆေးမှုတွေ လုပ်ရတဲ့ အကြောင်းက ပြီးခဲ့တဲ့လက ဒိန်းမတ်လေဆိပ်များနဲ့ စစ်ဘက်ဆိုင်ရာ နေရာများ အနီးတွင် တွေ့ရှိခဲ့တဲ့ အမည်မသိ ဒရုန်းများနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း မီဒီယာများက ဖော်ပြခဲ့ပါတယ်။ ဒရုန်းတွေက ရုရှား ဒရုန်းတွေ ဆိုပြီး ဥရောပနိုင်ငံတွေက ဝိုင်းပြီး စွပ်စွဲထားပေမဲ့ မော်စကို အစိုးရကတော့ ငြင်းဆိုထားပါတယ်။ 

အဲ့ဒိရေနံတင်သင်္ဘောက အခြား သင်္ဘောတွေလိုပဲ ဘီနင်နိုင်ငံအလံတင်ထားပြီး ရုရှား နဲ့ ဆက်စပ်မှု ရှိ မရှိကို ပြင်သစ်စုံစမ်းရေးသမားတွေက စစ်ဆေးမှုတွေ လုပ်နေပါတယ်။ သင်္ဘောကို စိန့်နာဇီးယားအနီးတွင် ကျောက်ချရပ်နားထားပါတယ်။ ပြီးခဲ့တဲ့အပတ်က သင်္ဘောက သူ့ရဲ့ ခရီးစဉ်အတိုင်း သွားနေစဉ် ပြင်သစ်ရေတပ်က သင်္ဘောဆီကို ကပ်လာပြီး တက်ရောက်စစ်ဆေးခဲ့တာပါ။ 

ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ပြင်သစ်နိုင်ငံက စကားထာတွေ လာဖွက်နေတယ်။ ဥရောပနိုင်ငံတွေက အရိပ်ရေယာဉ်ဆိုတဲ့ စကားလုံးကို တီထွင်ပြီး နိုင်ငံတကာ ပင်လယ်ရေကြောင်း ဥပဒေတွေကို ချိုးဖောက်နေတယ်။ ပြီးတော့ တရားမဝင်တဲ့ ဆင့်ပွားပိတ်ဆို့မှုတွေကိုလည်း လုပ်နေတယ်ဆိုပြီး စောဒက တက်ထားပါတယ်။ 

ရေနံတင် သင်္ဘောကို ထိန်းသိမ်းထားခြင်းက ပြင်သစ်နိုင်ငံတွင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေကို အာရုံလွဲစေရန် ပြင်သစ်ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းမှုတစ်ခုပါလို့ ပူတင်က ပြောသွားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)