ရန်ကုန်၊ အောက်တိုဘာ ၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ပါတီဌာနချုပ်ရုံးခွဲ(ရန်ကုန်)၌ အမျိုးသားရေးတက်ကြွလှုပ်ရှားသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေများ၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် သိရှိလိုသည့်အချက်အများအား တွေ့ဆုံပွဲတက်ရောက်လာသော မိတ်ဆွေများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲကို ညနေ ၄ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း USDP က သတင်းထုတ်ပြန်ထားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း တို့နှင့် တွေ့ဆုံရာတွင် သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက်မှစ၍ အမျိုးသားရေးလှုပ်ရှားမှုတွင် အစဉ်တစိုက် ပါဝင်ခဲ့သူများကို တွေ့ရပြီး NLD အစိုးရလက်ထက်တွင် ပုဒ်မအမျိုးမျိုးတပ်၍ ထောင်သွင်းအကျဉ်းချခြင်း ခံရသည့် အမျိုးသားရေးလှုပ်ရှားသူများလည်း ပါဝင်သည်။
https://t.me/MyanmarNationalPost







No comments:
Post a Comment