ကြံခင်းမြို့နယ်အတွင်း (ပထမအကြိမ်)ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများကပ်ထား ကြေညာထားရှိမှုအား ပြည်သူများ နေ့စဉ်လာရောက်ကြည့်ရှုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်အတွင်း (ပထမအကြိမ်)ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများကပ်ထား ကြေညာထားရှိမှုအား ပြည်သူများ နေ့စဉ်လာရောက်ကြည့်ရှုလျက်ရှိ






ကြံခင်း၊ အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောင်ပွဲကျင်းပနိုင်ရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏အမည်စာရင်းများကို(ပထမအကြိမ်) ရပ်ကွပ်/ကျေးရွာအုပ်စုများရှိကော်မရှင်အဖွဲ့ခွဲရုံးများတွင် စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ ကြေညာ ကပ်ထားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒေသခံပြည်သူများက လာရောက်ကြည့်လျက်ရှိကြသည်။ 

အဆိုပါ မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၂၀ ရက် နေ့ထိ ထပ်မံရက်တိုးမြှင့်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံး ၃၅ ရုံးတွင် (ပထမအကြိမ်) အဖြစ် ကပ်ထားကြေညာပေးသွားမည်ဖြစ်ပြီး၊ မိမိ၏အမည်မပါဝင်ပါက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းနိုင်ရေး၊ စာရင်းတွင် မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ရေး၊ အချက်အလက်များမှားယွင်းပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းနိုင်ရေးတို့ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများရှိ ကော်မတီအဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေး လျက်ရှိကြသည်။

ထို့သို့ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒေသခံပြည်သူများ မဲဆန္ဒရှင်စာရင်းများအား လာရောက်ကြည့်ရှုနေမှုနှင့် အမည်စာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း လုပ်ငန်းများ တိကျမှန်ကန်စေရေးအတွက် ကြံခင်းမြို့နယ်ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ကွင်းဆင်း ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဖြိုးဝလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)