ဗင်နီဇွဲလားမှာ တရုတ်နဲ့ ရုရှား ဩဇာလွှမ်းမိုးနေတာကို တားဆီးဖို့ အမေရိကန်ကြိုးစားနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗင်နီဇွဲလားမှာ တရုတ်နဲ့ ရုရှား ဩဇာလွှမ်းမိုးနေတာကို တားဆီးဖို့ အမေရိကန်ကြိုးစားနေ


အောက်တိုဘာ - ၂၆ ( တနင်္ဂနွေနေ့ ) 

ဂရင်းဘီရက် သတင်းဌာနက ဝန်ထမ်းဟောင်းတစ်ယောက်ဖြစ်တဲ့ ဂျော်ဒန် ဂူဒရူး ဆိုတဲ့ အဖွသမားတစ်ယောက်က ဗင်နီးဇွဲလားကို အမေရိကန်က ကျူးကျော်လာဖွယ်ရှိကြောင်း ရုရှားတီဗွီနဲ့ အင်တာဗျူးမှာပြောသွားပါတယ်။ သူပြောတဲ့ အကြောင်းပြချက်ကတော့ လက်တင်အမေရိကား နိုင်ငံဖြစ်တဲ့ ဗင်နီဇွဲလားမှာ တရုတ်နဲ့ ရုရှား ဩဇာလွှမ်းမိုးမှုတွေ ကြီးနေတာကို တိုက်ဖျက်ဖို့ နဲ့ ဒေသတွင်း မဟာဗျူဟာမြောက် အကျိုးစီးပွားများကို ရယူဖို့ အမေရိကန်အနေနဲ့ အဲ့လိုလုပ်မှ ရမယ်လို့ဖြစ်ပါတယ်။ 

သူ့ရဲ့အဆိုအရ ဗင်နီဇွဲလားသမ္မတ နီကိုလက် မာဂျူရို ကို ဆန့်ကျင်တဲ့ ၂၀၂၀ တုန်းက လုပ်ခဲ့တဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှု ဂီဒီရွန် စစ်ဆင်ရေး ကို အမေရိကန်က နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တယ်လို့ သိရပါတယ်။ 

အမေရိကန်က ဗင်နီဇွဲလားသည် “မူးယစ်ဆေးသမားများ” ကို အကူအညီပေးနေတယ်ဆိုပြီး ထပ်ခါတလဲလဲ စွပ်စွဲခဲ့ပြီး နိုင်ငံအပေါ် ကြီးမားသော ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ လတုန်းက ဗင်နီဇွဲလားအခြေစိုက် မူးယစ်ဆေးမှောင်ခိုဂိုဏ်းတွေရဲ့ သင်္ဘောကို အမေရိကန် ရေတပ်က တိုက်ခိုက်နှစ်မြုပ်ခဲ့ပါတယ်။ စီအိုင်အေကလည်း ဒေသတွင်း လျှို့ဝှက်စစ်ဆင်ရေးများ လုပ်ဆောင်ဖို့အတွက် အဖွဲ့တွေအများကြီးဖွဲ့ကာ မူးယစ်ဆေးမှောင်ခိုဂိုဏ်း တိုက်ခိုက်သတ်ဖြတ်တာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ အဲ့ဒိသတင်းသမားက ဆိုပါတယ်။ 

အဲ့ဒါတွေလုပ်နေတာက အမေရိကန်ရဲ့ ရုရှားနဲ့ တရုတ်ဩဇာလွှမ်းမိုးတာကို ဖျက်ဆီးဖို့ လုပ်နေတာလို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဗင်နီဇွဲလားမှာ မဟာဗျူဟာမြောက် နေရာတွေ အများအပြားရှိတယ်။ အဲ့နေရာတွေအတွက် နိုင်ငံကြီးတော်တော်များများက ထိန်းချုပ်ဖို့ကို ကြိုးစားနေပါတယ်။ 

နောက်တစ်ချက်က ဗင်နီဇွဲလားနိုင်ငံရဲ့ ဘူမိမဟာဗျူဟာအကျိုးစီးပွားဖြစ်တဲ့ ရေနံသိုက်ကြီးတွေပဲ ဖြစ်ပါတယ်။ ဝါရှင်တန်က အဲ့ဒါတွေကို ထိန်းချုပ်ချင်နေတာပါ။ အဲ့ဒိအကြောင်းကြောင့်လည်း ၂၀၂၀ အာဏာသိမ်းမှုကို နောက်ကွယ်ကနေ ကြိုးကိုင်ကူညီ ခဲ့တာပါလို့ ဆိုပါတယ်။ အဲ့ဒိတုန်းက ဗင်နီဇွဲလားက ဗိုလ်ချုပ်တွေနဲ့ သမ္မတကို ဖမ်းဆီးဖို့ အတိုက်အခံအဖွဲ့တွေကို အကူအညီပေးခဲ့တယ်လို့ ၎င်းကဆိုပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)