ရန်ကုန်၊ အောက်တိုဘာ ၂၄
(၁၄)ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့ PARK-ROYAL Hotel ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ဇော်ဆန်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ မှုခင်းစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဌာန၏ ညွှန်ကြားရေးမှူး Mr. Wang Yong Can ဦးဆောင်သော ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးကို မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဖြစ်ပွားလျက်ရှိသည့် လူကုန်ကူးမှုများ စုံစမ်းဖော်ထုတ်ရေး၊ လူကုန်ကူးခံရသူများအား ကူညီကယ်တင်ရေးနှင့် အကာအကွယ်ပေးရေး၊ လူကုန်ကူးသူများကို ကူညီစုံစမ်းဖမ်းဆီးပေးရေးနှင့် အပြစ်ပေးအရေးယူရေး၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးရေးနှင့် သတင်းအချက်အလက်ဖလှယ်ရေးစသည့် လုပ်ငန်းစဉ်များကို ထိထိရောက် ရောက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုအခြေအနေများနှင့် ပြောင်းလဲဖြစ် ပေါ်နေသည့် လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးမှုများ စုံစမ်းဖော်ထုတ်ခြင်း၊ လူကုန်ကူးခံရသူများအား ကယ်တင်ခြင်းနှင့် ကျူးလွန်သူ တရားခံများကိုဖမ်းဆီးခြင်းကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက် ရေးနှင့် နှစ်နိုင်ငံအကြား သတင်းအချက်အလက်ဖလှယ်နိုင်ရေး ကိစ္စရပ်များ၊ တရားမဝင် ဝင်/ထွက်သွားလာမှုများနှင့် နှစ်နိုင်ငံအကြား ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုများ လျော့နည်းကျ ဆင်းစေရေးကိစ္စရပ်တို့ကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment