မိုင်းပန်မြို့နယ်၌ ကျောင်းအခြေပြု DT ကာကွယ်ဆေးနှင့် HPV ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပန်မြို့နယ်၌ ကျောင်းအခြေပြု DT ကာကွယ်ဆေးနှင့် HPV ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက်




မိုင်းပန် ၊  အောက်တိုဘာ ၁၅


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအခြေပြု DT ကာကွယ်ဆေးနှင့် HPV ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)နှင့် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)မြို့မကျောင်းများသို့ ယမန်နေ့နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနိုင်လင်းထွန်း ဦး‌ဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ်ထက် မကျော်သော KG ကျောင်းသား/သူ(၁၂၁)ဦးအား DT ကာကွယ်ဆေးနှင့် အသက်(၉)နှစ်မှ (၁၀)နှစ် ကျောင်းသူ(၇၆)ဦးအား HPV ကာကွယ် ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)