နေပြည်တော်၊ အောက်တိုဘာ ၈
မြန်မာ့ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်ဖြစ်သည့် အခြေခံပညာကျောင်းများရှိ ကျောင်းသူ/ကျောင်းသားများ ဘောလုံး အားကစားကို ပိုမိုကစားခွင့် ရရှိရန် အကောင်အထည် ဖော်သွားမည့် FIFA Football for Schools (F4S) အစီအစဉ်အတွက် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)တို့ သဘောတူ နားလည်မှုစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို အောက်တိုဘာ ၈၊ နေ့လယ်က Hotel Max Nay Pyi Taw တွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ FIFA Football for Schools အစီအစဉ်နှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးဉာဏ်ဇော်ဦးတို့မှ လမ်းညွှန် အမှာစကား အသီးသီး ပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းအောင်မှ FIFA Football for Schools အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှု ပြုလုပ်ခဲ့သည်။
ယင်းနောက် Football for Schools (F4S) အစီအစဉ်အတွက် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)မှ တာဝန်ရှိသူများ သဘောတူ နားလည်မှုစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ပြီးဆုံးခဲ့သည်။
https://t.me/MyanmarNationalPost









No comments:
Post a Comment