အိမ်မဲမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် မိုးစပါးအထွက်တိုး GW-11 စပါးမျိုးစံကွက်ရိတ်သိမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် မိုးစပါးအထွက်တိုး GW-11 စပါးမျိုးစံကွက်ရိတ်သိမ်း




အိမ်မဲ   ၊ အောက်တိုဘာ ၃၁


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော ဘုရားကြီးကုန်းကျေးရွာ ထွန်းရွေဝါကြီးအသင်းမှ တောင်သူ ဦးထွန်းထွန်း၏ ကွင်းအမှတ် ၃၅(က)၊ ဦးပိုင်အမှတ် ၃၆/၃ လယ်မြေ (၅)ဧကတွင် မိုးစပါးအထွက်တိုး GW-11 စပါးမျိုးစံကွက်ရိတ်သိမ်းပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။


အိမ်မဲမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် အသင်း(၄)သင်း၊ အသင်းသားတောင်သူ(၁၄၂)ဦး၏ မိုးစပါးသီးနှံစိုက်ပျိုးဧက ၁၂၀၀ အနက် ဘုရာကြီးကုန်းကျေးရွာမှ ထွန်းရွေဝါကြီးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ တောင်သူ ဦးထွန်းထွန်း၏ လယ်မြေ(၅)ဧကတွင် GW-11 စပါးမျိုးစံကွက်ရိတ်သိမ်းရာ တစ်ဧကအစိုအထွက် တင်း(၁၁၀)၊ အခြောက်တင်း (၁၀၀)ထွက်ရှိကြောင်းနှင့် အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မင်းသိန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှတာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။


ချစ်သက်လယ် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)