KK Park က ထွက်လာကြတဲ့ လူငယ်တွေ နေရပ်ပြန်သင့်ပါသည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KK Park က ထွက်လာကြတဲ့ လူငယ်တွေ နေရပ်ပြန်သင့်ပါသည်


မြဝတီ၊ အောက်တိုဘာ ၂၃

KNU အကြမ်းဖက်အဖွဲ့က လုံခြုံရေးပေးပြီး တရားမဝင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေတဲ့ KK Park ကို အောက်တိုဘာလ (၁၈) ရက်နေ့မှာ တပ်မတော် စစ်ကြောင်းများက ဝင်ရောက်ရှင်းလင်း ဆောင်ရွက်ခဲ့ပါတယ်။ KK Park ဆိုတာကတော့ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် မယ်ထော်သလေးကျေးရွာအနီး သောင်ရင်းမြစ်ကမ်းဘေးမှာ ရှိတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံတကာမှ တရားမဝင် လုပ်ငန်း လုပ်ကိုင်သူများ စုစည်းရောက်ရှိနေတဲ့ နေရာလို့ ဆိုရင်လည်း မမှားပါဘူး။ တပ်မတော်စစ်ကြောင်းများက ဝင်ရောက်ရှင်းလင်းပြီး နောက်ပိုင်းမှာတော့ KK Park ထဲမှာ အလုပ် လုပ်နေကြသူတွေ ထွက်ပြေးလာကြတာကြောင့် မြဝတီမြို့မှာတော့ ကျားဖြန့်က ထွက်ပြေးလာသူတွေနဲ့ ပြည့်နက်နေတယ်လို့ သိရပါတယ်။

 KK Park ဆိုတာ KNU အကြမ်းဖက်အဖွဲ့က လက်ညှိုးထိုးရောင်းစားပြီး တရားမဝင် အကျိုးစီးပွားရှာနေတဲ့ နေရာတစ်ခု ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။ ဒီလုပ်ငန်းတွေကြောင့် ဒေသတွင်း အစိုးရတွေကြား မျက်နှာပျက်စရာတွေလည်း ဖြစ်ခဲ့ရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ အခြေပြုလုပ်ကိုင်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို ဖော်ထုတ်ရှင်းလင်းပြီးနောက်ပိုင်း မြန်မာ - ထိုင်း နယ်စပ်မှာ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များနဲ့ သဘောတူညီချက်တွေ ရယူပြီး တရားမဝင် လုပ်ငန်းများ လုပ်ကိုင်နေတာကို ဖော်ထုတ် ထိန်းသိမ်းခဲ့ရပါတယ်။

ပြည်တွင်းက လူငယ်တွေလည်း တရားမဝင်လုပ်ငန်းတွေမှာ သွားရောက်လုပ်ကိုင်နေကြတာတွေ ရှိပါတယ်။ ဘာလုပ်ငန်းဆိုတာကို မသိကြဘဲ အလုပ်ကောင်းတယ်ဆိုတဲ့ အသံကြားနဲ့ တက်လာခဲ့ကြပြီး တရားမဝင် လုပ်နေတဲ့ ကျားဖြန့်လုပ်ငန်းများထဲမှာ ပိတ်မိနေကြတာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း လုပ်ပိုင်ခွင့်အလွဲသုံးစား လုပ်ပြီး တရားမဝင် အလုပ်တွေ လုပ်နေတာလည်း ရှိပါတယ်။

ယမန်နေ့ ညပိုင်းက မြဝတီမြို့လည်ခေါင် လမ်းမတွေပေါ်မှာ KK Park ထဲက ထွက်ပြေးလာသူတွေနဲ့ ပြည့်နက်နေတယ်လို့ ဒေသခံသတင်းတွေက ဆိုပါတယ်။ စားသောက်ရေးအခက်အခဲ ဖြစ်နေကြသူတွေလည်း ရှိပါတယ်။  တချို့တွေကတော့ တရားမဝင် လုပ်ငန်းတွေကနေ ထွက်လာပြီး တဖက်နိုင်ဘက်ကို တရားမဝင် ခိုးကူးဖို့ လုပ်ဆောင်နေတာတွေကိုလည်း မြင်တွေ့ရပါတယ်။

လူငယ်လူရွယ်များအနေနဲ့ အမှားတွေကို အကြိမ်ကြိမ်အခါခါ ကျူးလွန်တာမျိုးတွေ မလုပ်ကြစေချင်ပါဘူး။ မိမိတို့ရဲ့ အခြေအနေကို သက်ဆိုင်ရာအဖွဲ့အစည်းများထံ တင်ပြပြီး မိမိနေရပ် ပြန်နိုင်ရေး ဆောင်ရွက်ကြခြင်းက ဒီအခြေအနေမှာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)