မြိတ်မြို့တွင် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိတ်မြို့တွင် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းဆောင်ရွက်







မြိတ်၊ အောက်တိုဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင်  မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် စနစ်တကျမဲပေးတတ်စေရန်ရည်ရွယ်၍ မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းက အ-ထ-က(၁) ပညာ့ဗိမာန်ခန်းမတွင်  ပြုလုပ်ခဲ့သည်။

အသိပညာပေးရာတွင် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက အမှာစကားပြောကြားပြီး မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်သိန်းဦးက အထွေထွေရွေးကောက်ပွဲဆိုင်ရာများနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားကြသည်။

ထို့နောက် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်နှင့်   မဲပေးခြင်းလုပ်ငန်းများကို  မဲပေးစက်နည်းပြ ဦးသန်းဝင်းက ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ မဲပေးခြင်းလုပ်ငန်းစဉ်များအတိုင်း  မဲဆန္ဒရှင်ပြည်သူများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများ၊ မိသားစုဝင်များကို  လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ခဲ့ကြသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ(၂၈)ရက်နေ့တွင် လွတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို  စတင်ကျင်းပမည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများအား ရပ်ကွက်/ကျေးရွာများကွင်းဆင်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ် မဲပေးခြင်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိသလို  မဲဆန္ဒရှင်ပြည်သူများ နိုင်ငံသားအခွင့်အရေးမရှုံးဆုံးစေဖို့ ဆန္ဒမဲပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ၌ မဲစာရင်းများ ပထမအကြိမ် ကြေညာပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


ခိုင်ထူး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)