PDF အမည်ခံ အကြမ်းဖက်သမားများက ကလေးမြို့တွင်းသို့ Suicide Drone ဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်၊ အပြစ်မဲ့ အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာများရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အမည်ခံ အကြမ်းဖက်သမားများက ကလေးမြို့တွင်းသို့ Suicide Drone ဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်၊ အပြစ်မဲ့ အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာများရရှိ



နေပြည်တော်၊ အောက်တိုဘာ ၁၉ 

PDF အမည်ခံ အကြမ်းဖက်သမားများသည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားနှင့် အစွန်းရောက်နိုင်ငံရေးခံယူချက်များအတွက် နိုင်ငံတော်တာဝန်ကိုထမ်းဆောင်နေကြ သည့် နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်နေကြသည့် ပြည်သူလူထုအား လက် နက်အားကိုးဖြင့် ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ လမ်းတံတားများအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်းတို့ကို ဆင်ခြင်တုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိကြရာ ယနေ့ နံနက်ပိုင်းတွင်လည်း ၎င်းတို့ထိန်းချုပ်မောင်းနှင်ပြီး အကြောင်းမဲ့ ပစ်ခတ်ခဲ့သည့် Suicide Drone ကျရောက် ပေါက်ကွဲမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ပင်လုံရပ်ကွက်ရှိ ဒေသခံပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

PDF အမည်ခံ အကြမ်းဖက်သမားများသည် ယနေ့ နံနက် ၁၁ နာရီ မိနစ် ၃၀ ခန့်တွင် Suicide Drone တစ်စင်းကို ကလေးမြို့၏ အနောက်တောင်ဘက် မီတာ ၈၀၀၀ ခန့်အကွာ နဂါးဗွက်ကျေးရွာအနီးမှ လွှတ်တင်၍ စစ်ရေးပစ်မှတ် မဟုတ်ဘဲ အများပြည် သူများ နေထိုင်လျက်ရှိသည့် ကလေးမြို့အတွင်းသို့ အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ ပင်လုံ ရပ်ကွက် အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် ဦးထန်ရှန်းခိုင် (၃၄) နှစ် နှင့် ဒေါ်ပန်ကီး (၅၀) နှစ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ သဖြင့် ၎င်းတို့အား ကလေးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေ လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ အများပြည်သူအေးချမ်းစွာနေထိုင်လျက်ရှိသည့် စစ်ရေးပစ်မှတ်မဟုတ် သည့် နေရာများအား အကြမ်းဖက်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေမှုတို့ကို ဒေသခံ ပြည်သူများက ပြင်းထွန်စွာ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် အဆိုပါ နေရာတစ် ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)