တောင်သာ၊ အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ မင်းရင်ကျေးရွာအနီးတွင် အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်၌ PDF အကြမ်းဖက်အဖွဲ့က ခရီးသည်တင် မော်တော်ယာဉ်နှစ်စီးအား အကြမ်းဖက် လုယက်ယူဆောင်သွားသိရသည်။
တောင်သာမြို့နယ်၊ မင်းရင်ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့အင်အား(စိစစ်ဆဲ)က နေပြည်တော်မှ မြင်းခြံမြို့သို့ ထွက်ခွာလာသည့် "ပြည်တော်အေး" မော်တော်ယာဉ်လိုင်းမှ ယာဉ်မောင်းဖြစ်သူ ကိုဘတင့်မောင်းနှင် လာသည့် 6H/1858 ဟွန်ဒိုင်းအမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်နှင့် ကိုနိုင်လင်းဦး မောင်းနှင်လာသည့် 5J/9192 ဟွန်ဒိုင်းအမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်တိုအား တားဆီး၍ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှစ်ဦး၊ ခရီးသည်များနှင့် ကုန်ပစ္စည်းများအား "ငွေလမင်း" ခရီးသည်တင် မော်တော်ယာဉ်ဖြင့် မြင်းခြံမြို့သို့တင်ဆောင်စေလွှတ်ပေးခဲ့ပြီး အဆိုပါမော်တော်ယာဉ်နှစ်စီးတို့အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment