ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြမှသာ လွတ်လပ်၍တရားမျှတပြီး အောင်မြင်သော ရွေးကောက်ပွဲ ဖြစ်မည်ဖြစ်ပါကြောင်း UEC ဥက္ကဋ္ဌ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြမှသာ လွတ်လပ်၍တရားမျှတပြီး အောင်မြင်သော ရွေးကောက်ပွဲ ဖြစ်မည်ဖြစ်ပါကြောင်း UEC ဥက္ကဋ္ဌ ပြောကြား


နေပြည်တော်၊ အောက်တိုဘာ ၁၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး UEC ဥက္ကဋ္ဌ က  ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြမှသာ လွတ်လပ်၍တရားမျှတပြီး အောင်မြင်သော ရွေးကောက်ပွဲ ဖြစ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

တွေ့ဆုံစဉ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုးက ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပသွားမည်ဖြစ်ရာ အပိုင်း (၁) ပြုလုပ်မည့်နေ့ရက် နှင့်မြို့နယ်များကို ကြေညာပြီးဖြစ်၍ ဆက်လက်ကျင်းပမည့် အပိုင်းလိုက် နေ့ရက်များကိုလည်း ထုတ်ပြန်ပေးသွားမည် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအားလုံး ဝင်ရောက်ယှဉ်ပြိုင်စေလိုသော်လည်း ဥပဒေနှင့် ညီညွတ်မှသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ပါ ကြောင်း၊ နိုင်ငံရေးပါတီများအနေ ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူစေရန်အတွက် သတ်မှတ်ကာလအတွင်း တင်ပြရမည့် ပါတီဝင်အင်အား၊ ဖွင့်လှစ်ရမည့် ပါတီရုံးခန်းအရေအတွက်များကို ပြင်ဆင်ဖြေလျှော့ပေးခဲ့သော်လည်း မတင်သွင်းနိုင်သည့် ပါတီ ၄ ပါတီကို ဖျက်သိမ်းခဲ့ရပါကြောင်း။

လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ရက်တိုးမြှင့် သတ်မှတ်ပေးနိုင်ရေး နိုင်ငံရေးပါတီများမှ တောင်းဆိုခြင်းများ ရှိခဲ့ပါကြောင်း၊ ကိုယ်စားလှယ်လောင်းတင်သွင်းရမည့် နောက်ဆုံး နေ့ရက်နှင့် ကိုယ်စားလှယ်လောင်း အရေအတွက်ကိုလည်း ပြင်ဆင်သတ်မှတ်ပေးခဲ့ပါကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် PR မဲဆန္ဒ နယ်များအတွက် ဦးစားပေးအစီ အစဉ်အတိုင်း ဖော်ပြထားသည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို နိုဝင်ဘာ ၃၀ရက် မတိုင်မီ ကော်မရှင်သို့ ပေးပို့နိုင်ရေး အကြောင်းကြားပြီးဖြစ်၍ ထပ်မံ အသိပေးပြောကြားလိုကြောင်း။

ပထမအကြိမ် မဲစာရင်းကပ် ထား ကြေညာခြင်းကို ဆောင်ရွက် လျက်ရှိကြောင်း၊  မဲစာရင်းပြုစုရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့် အညီ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တို့မှ ရရှိသည့်စာရင်းအပေါ်တွင် အခြေခံ၍ Software များအသုံးပြု တိုက်ဆိုင်စစ်ဆေး ပြုစုခြင်းဖြစ်ပါ ကြောင်း၊ မဲစာရင်းနှင့်စပ်လျဉ်း၍ ကြေညာချက်များ၊ နှိုးဆော်ချက်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် ဆောင်ရွက်ထားပါကြောင်း၊ ယာယီနေရပ်စွန့်ခွာနေရသူများ မဲပေးနိုင်ရေးအတွက် ရောက်ရှိနေရာတွင် မဲပေးနိုင်ရေးနှင့် မူလနေရပ်သို့ ကြိုတင်မဲပေးနိုင်ရေး နည်းလမ်း နှစ်မျိုးဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ၅၆ မြို့နယ်ရှိ မဲဆန္ဒရှင်များအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပချိန်တွင် မဲပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာခြင်း မပြုမီ စိစစ်နိုင်ရေး နိုင်ငံရေးပါတီ များသို့ ဖိတ်ကြားသွားမည်ဖြစ်ပါ ကြောင်း၊ ရွေးကောက်ပွဲ၏အသက် သည် မဲစာရင်းဖြစ်သည့်အတွက် နိုင်ငံရေး ပါတီများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံလိုပါကြောင်း။

ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံး ခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ပြီးဖြစ်၍ နိုင်ငံရေး ပါတီများအနေဖြင့် ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည် တို့ကို နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်မြင် သံကြားအစီအစဉ်များမှ ဟောပြောတင်ပြနိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရွေးကောက်ပွဲ ကျင်းပမည့် အပိုင်းတစ်ပိုင်းတည်း အတွက်မဟုတ်ဘဲ ရွေးကောက်ပွဲ အပိုင်းအားလုံးအတွက် ယင်းကာလအတွင်း မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်သည့် အခါ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၀-က၊ နည်းဥပဒေအခန်း(၁၀)ပါ သတ်မှတ်ချက်များ၊ ရွေးကောက်ပွဲ ဥပဒေအခန်း(၁၃)ပါ ရွေးကောက်ပွဲ ဆိုင်ရာပြစ်မှု၊ ပြစ်ဒဏ်များနှင့် အခန်း (၁၄) တွင် ပါသည့် တရားမဲ့ ပြုကျင့်မှုများကို အထူးသတိပြုရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ပါတီဝင်များ၊ ပါတီ ထောက်ခံသူများကိုလည်း သိရှိအောင် အသိပေး ထိန်းကျောင်းရန် လိုအပ်ပါကြောင်း၊ သတ်မှတ် ပြဋ္ဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ပါက သက်ဆိုင်ရာဥပဒေများအရ အရေးယူခံရမည်ဖြစ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီး ခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့် ငြိစွန်းခြင်း မရှိစေရေးကိုလည်း သတိပြုစေလိုပါကြောင်း။ 

လွှတ်တော် ၃ ရပ်တွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးအနေဖြင့် ရွေးကောက်ပွဲ ကုန်ကျစရိတ် ငွေကျပ်သိန်း တစ်ရာ့ငါးဆယ်၊ တိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စားလှယ် လောင်းတစ်ဦးအနေဖြင့် ငွေကျပ် သိန်းသုံးရာအထိ သုံးစွဲခွင့်ရှိပါ ကြောင်း၊ ရွေးကောက်ပွဲ ကုန်ကျစရိတ်များကို စနစ်တကျမှန်ကန်စွာ စာရင်းပြုစုရေးသွင်းထားပြီး သတ်မှတ်ရက်အတွင်း သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၌ တင်သွင်းရမည်ဖြစ်ပါကြောင်း၊ သတ်မှတ်ထားသည့် ရက်အတွင်း မတင်သွင်းပါက ခုံအဖွဲ့ဖွဲ့၍ စစ်ဆေးပြီး အရည်အချင်း ပျက်ယွင်းသူအဖြစ် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါ၍ ရွေးကောက်ပွဲ ကုန်ကျစရိတ်များကို အချိန်မီတင်သွင်းကြရန် မှာကြားလိုကြောင်း၊ ရွေးကောက်ပွဲ ဆိုသည်မှာ ကော်မရှင်တစ်ခု တည်းဖြင့် ဆောင်ရွက်မရပါကြောင်း၊ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက် ကြမှသာ လွတ်လပ်၍တရားမျှတ ပြီး အောင်မြင်သော ရွေးကောက်ပွဲ ဖြစ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက် လာသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေးပါတီ ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး တင်ပြချက် များအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။ 

တွေ့ဆုံပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၅၇ပါတီမှ ဥက္ကဋ္ဌများ၊ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)