ရွှေသောင်ယံ ၊ နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယခုတန်ဆောင်မုန်းလဆန်းမှစတင်၍ ဒေသထွက်အုန်းသီးများ စျေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ရပ်တန့်လျှက်ရှိရာ ဒေသခံ အုန်းခြံသမားများ အခက်ကြုံလျက်ရှိသည်။
မိုးတွင်းကာလတစ်လျှောက် အုန်းသီးစျေးကောင်းပြီး အုန်းသီးတစ်လုံးလျှင် (၄၀၀၀)ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုအခါ ကုန်သည်များမှ အုန်းသီးတစ်လုံးလျှင် (၁၅၀၀) စျေးသာကောက်ယူပြီး အဝယ်မရှိသလောက် အရောင်းအဝယ်အေးနေသည့်အတွက် အုန်းခြံပိုင်ရှင်များအတွက် အခက်ကြုံနေကြောင်း သိရသည်။
“တန်ဆောင်မုန်းလဆိုပေမယ့် မိုးမပြတ်သည့်အတွက်ကြောင့် အုန်းသီးစိတ်မည်ဆိုပါက ရုံဆောက်၊ စင်ဆောက်ပြီး မီးနှင့်ကြပ်တိုက်ရမည်ဖြစ်သည့်အတွက် အခက်အခဲမျိုးစုံရှိပြီး အုန်းသီးလုံးရိုင်းရောင်းသလို ငွေပေါ်မမြန်သည့်အပြင် အုန်းသီးအနည်းငယ်စိတ်ပါက စရိတ်စကနှင့် တွက်ခြေမကိုက်ဘဲ အရှုံးပေါ်နိုင်ကြောင်း” ဒေသခံအုန်းခြံသမားများထံမှ သိရသည်။
အုန်းသီးသည် ရွှေသောင်ယံဒေသ၌ အဓိကအားထားနေရသော ခြံလုပ်ငန်းတစ်ခုဖြစ်ပြီး များသောအားဖြင့် အုန်းခြံကိုမှီခိုနေရသူများ အများအပြားရှိကာ ယခုလိုကထိန်ရာသီကာလမျိုး၌ အုန်းသီစျေး အလွန်အမင်းထိုးကျပြီး ဝယ်သူမရှိသည့်အခါ အလှူအတန်းကိစ္စများပါ အခက်ကြုံတွေ့နေရကြောင်း သိရသည်။
ရွှေသောင်ယံ
https://t.me/MyanmarNationalPost
No comments:
Post a Comment