ပေါင်၊ နိုဝင်ဘာ ၂ဝ
မွန်ပြည်နယ်၊ပေါင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဝန်ထမ်း စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်း အမှတ်စဉ်(၁၁/၂၀၂၅) ကို ယနေနံနက်ပိုင်းက ဖွင့်လှစ်ခဲ့ရာ ဒုတိယပြည်နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်း၊ ပြည်နယ်မျိုးစေ့တာဝန်ခံ ဒေါ်မူမူတန် ၊ခရိုင်မြေအသုံးချ ရေးတာဝန်ခံဒေါ်တင်မာဝင်း၊ပြည်နယ်သီးနှံကာကွယ်ရေးဌာနခွဲမှ ဒေါ်ယဉ်နွယ်ဝင်း တို့က (၂)ရက်ကြာ သင်ကြား ပို့ချသွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းတွင် ဒုတိယပြည်နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းပညာများနှင့် အထွက်နှုန်းခန်းမှန်းတွက် ချက်ခြင်းနည်းပညာ၊ ပြည်နယ်မျိုးစေ့တာဝန်ခံ ဒေါ်မူမူတန်က ပဲမျိုးစုံ မျိုးစေ့ထုတ်လုပ်ခြင်း၊ နေကြာသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးရမည့် နည်းစနစ်များ၊မျိုးစေ့ဥပဒေ နှင့် မျိုးစေ့ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ခရိုင်မြေအသုံးချ ရေးတာဝန်ခံဒေါ်တင်မာဝင်းက မျိုးစေ့ဥပဒေနှင့် မျိုးစေ့ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် မြေဆီလွှာထိန်းသိမ်း ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ပြည်နယ်သီးနှံကာကွယ်ရေးဌာနခွဲမှ ဒေါ်ယဉ်နွယ်ဝင်းက ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံတို့တွင် ကျရောက်ဖျက်ဆီးတတ်သော ပိုမွှားရောဂါများနှင့်ကာကွယ်နှိမ်နင်းနည်းများ၊ ပိုးသတ်ဆေးဥပဒေ၊ ပိုးသတ်ဆေးဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနည်းလမ်းများကို အသေးစိတ် ရှင်းလင်းပို့ချသွားမည်ဖြစ်ရာ သင်တန်းသား သင်တန်းသူ (၁၆)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost



No comments:
Post a Comment