ဗိုလ်တစ်ထောင်ခရိုင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်တစ်ထောင်ခရိုင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ


Uploading: 2482606 of 2482606 bytes uploaded.


မြောက်ဥက္ကလာပ ၊ နိုဝင်ဘာ ၁၄


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက ဗိုလ်တစ်ထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၂)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိူး၊ မွေးမြူရေးအထက်တန်း ကျောင်း၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးစာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ဗိုလ်တစ်ထောင်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဘင်ခရာတီးဝိုင်းနှင့် ပန်းပွားအက၊ ကဗျာ လွတ်အကတို့ဖြင့် ကြိုဆိုကြကြောင်း သိရသည်။

ဗိုလ်တစ်ထောင်ခရိုင်၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး၀န်ကြီး(မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ ရန်ကုန်တိုင်း‌ဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွန်ကြားရေးမှူး (ပညာ)ဦးမင်းဦး၊ ဗိုလ်တစ်ထောင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးပြီးနောက် ဘင်ခရာနှင့်ပန်းပွားအဖွဲ့များအား စည်ပင်သာယာရေးဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ စာအုပ်စာစောင်ပြပွဲနှင့် လှပသာယာပြည်မြန်မာ ဓာတ်ပုံပြခန်း၊ ဌာနဆိုင်ရာများ၏ အသိပညာပေးပြခန်းများ၊ အိမ်တွင်းမှုပြခန်း၊ ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊  စာပေ စကားဝိုင်းဆွေးနွေးပွဲ၊ ပျော်ရွှင်ဖွယ်ရာ ဂိမ်းကစားနည်းပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများနှင့် စာအုပ် အရောင်းဆိုင်ရာ ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပွဲတော်ကို ဆက်လက်ကျင်းပရာ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာ၀န်ကြီး ဦးဌေးအောင်က အမှာစကားပြောကြားပြီး စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးကအမှတ်(၂)အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်ငွေနှင့်စာပေဟောပြောမည့် စာရေးဆရာ ဦးကျော်ကျော်လှိုင်အား အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြသည်။

ယင်းနောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပွဲတော်အတွက် အလှူရှင်များက အလှူငွေများအား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ပွဲတော်တွင်ပါဝင်ဆင်နွဲသည့် ကျောင်းသား၊ ကျောင်းသူများအား စာအုပ်လက်ဆောင်များ ပေးဝေခဲ့သည်။

ဆက်လက်၍ ပွဲတော်လာ ကျောင်းသားလူငယ်များအား စာရေးဆရာ ကျော်ကျော်လှိုင်က လူငယ်နှင့်စာဖတ်ခြင်းအကြောင်းဟောပြောပြီး ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပွဲတော် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စွမ်းပဟေဠိ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့်ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။


သက်လွင်စိုး


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)