ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တွင် အနော်ရထာ(ခြင်းရုံ)ဖွင့်ပွဲနှင့် မြန်မာ့ရိုးရာခြင်းလုံး ဝိုင်းဖွဲ့ခတ်ကစား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တွင် အနော်ရထာ(ခြင်းရုံ)ဖွင့်ပွဲနှင့် မြန်မာ့ရိုးရာခြင်းလုံး ဝိုင်းဖွဲ့ခတ်ကစား




ဒဂုံအ‌ရှေ့  ၊  နိုဝင်ဘာ  ၃၀


ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့သစ်ခရိုင်၊  ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ခြင်းလုံးဝါသနာရှင်များစုပေါင်း၍  အ‌နော်ရထာ(ခြင်းရုံ)ဖွင့်ပွဲနှင့်   မြန်မာ့ရိုးရာခြင်းလုံး ဝိုင်းဖွဲ့ခတ်ကစားခြင်းကို ယမန်နေ့ ညနေပိုင်းက အမှတ်(၄)ရပ်ကွက် အနော်ရထာ(ခြင်းရုံ)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ထက်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ခင်ဆွေအေးတို့က အမှာစကားအသီးသီးပြောကြားခဲ့သည်။

 မြန်မာ့ရိုးရာခြင်းလုံး ဝိုင်းဖွဲ့ခတ်ကစားရာတွင် ရန်ကုန်တိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ထက် ခြင်းအဖွဲ့နှင့် မြို့နယ်အတွင်းရှိ ခြင်းလုံးဝါသနာရှင်များကစုပေါင်းပြီး ဝိုင်းဖွဲ့ခတ်ကစားခဲ့ကြသည်။ ထိုသို့ ခြင်းလုံးခတ်ကစားခြင်းသည် စည်းလုံးညီညွတ်ခြင်းသဘောကိုဆောင်ပြီး တစ်ယောက်နှင့်တစ်ယောက်ဖေးမတတ်သော စောင့်ရှောက်တတ်သောအလေ့အကျင့်ကောင်းများရရှိစေရန်၊ ဝိုင်းဖွဲ့ခတ်ကစားရာတွင်တစ်ဦးနဲတစ်ဦး အပေးအယူ ချစ်ကြည်ဖြူခြင်းမူစာကမျှစိတ်တဆိုသလို တစ်ဦးနဲ့တစ်ဦးထောက်ပံ့ပေးခြင်း၊ ခြင်းလုံး(ခြင်းဝင်)အသွားအလာကို ဖန်တီးပေးခြင်းသည် ညီညွတ်ခြင်း၊ စည်းလုံးခြင်း၊ မျှတခြင်းစသော အစဉ်အလာကောင်းများရရှိလာစေရန်၊ မြန်မာ့ရိုးရာခြင်းလုံးပညာကို မြတ်နိုးတန်ဖိုးထားတတ်ပြီး မြန်မာ့ရိုးရာအမွေအနှစ်ဖြစ်သော ရိုးရာခြင်းလုံးပညာကိုလည်း ဆက်လက်ထိန်းသိမ်းတတ်စေရန်၊ လူနေဟန်ထား အလှအပ၊ အယဥ်အကျေး၊ ခေါင်း၊ ခါး၊ ခြေ၊ လက်အနေအထားအချိုးကျကျ ခတ်ကစားတတ်စေရန်နှင့် ခြင်းဝိုင်းတစ်ခုလုံးတွင်ပါဝင်သူများ၏ အရေးကြီးတာဝန်မှာ ခြင်းလုံးမြေသို့မကျစေခြင်းနှင့် ကျန်းမာရေးကောင်းမွန်စေရန်၊ ကိုယ်လက်လှုပ်ရှားအားကစားတစ်ရပ်အနေဖြင့် မြန်မာ့ရိုးရာခြင်းလုံးဝိုင်းဖွဲ့ ခတ်ကစားရခြင်းဖြစ်ကြောင်း ခြင်းလုံးဝါသနာရှင်များထံမှ သိရသည်။


အေးမဉ္ဇူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)