စစ်ကိုင်း၊ နိုဝင်ဘာ ၂၅
စစ်ကိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်းများဖြစ်ကြသည့် ဦးသက်ပုံ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)၊ ဦးဝင်းတင့် (အမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်း)၊ ဦးမင်းမင်းဇေယျာမြင့် (တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း)၊ ဦးသော်နိုင်ဦး (တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း PR) တို့သည် ယမန်နေ့က စစ်ကိုင်းမြို့ မိုးဇာရပ်ကွက် မြို့မဈေးကြီး သို့သွားရောက်၍ မဲဆန္ဒရှင်ပြည်သူများ ဈေးဆိုင်ပိုင်ရှင်များ၊ ဈေးသူဈေးသားများနှင့် တွေ့ဆုံခဲ့သည်။
ကိုယ်စားလှယ်လောင်း မိတ်ဆက်လွှာများ တစ်ဆိုင်ဝင်တစ်ဆိုင် ပေးအပ်ပြီး ပြည်သူများနှင့် ရင်းရင်းနှီးနှီး မိတ်ဆက်ခဲ့သည်။
နေ့လည်ပိုင်းတွင် စစ်ကိုင်းမြို့ နီလာရပ်ကွက်ရှိ မဲဆန္ဒရှင်များအား သွားရောက်တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ ရှင်းလင်းဆွေးနွေးပြောကြားသည်။ နီလာရပ်ကွက်နေ ပြည်သူများ၏ အခက်အခဲ ဆွေးနွေးချက်များအား လိုက်လံကြည်ရှု့ခဲ့ပြီး ဆောင်ရွက်သင့်သည်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
#News #2025Election








No comments:
Post a Comment