မောက်မယ်မြို့နယ်၌ ရှမ်းပြည်နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းခြင်း၊ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အသစ်ရွေးချယ်တင်မြောက်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မောက်မယ်မြို့နယ်၌ ရှမ်းပြည်နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းခြင်း၊ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အသစ်ရွေးချယ်တင်မြောက်ပွဲကျင်းပ




မောက်မယ် ၊  နိုဝင်ဘာ ၃၀


ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအသစ်ရွေးချယ်တင်မြောက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နံနက် ၈ နာရီတွင် ရှမ်းပြည်နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်၊ ရှမ်းပြည်နယ်သမဝါယမအသင်းစုချုပ် (တောင်ကြီး) ဒါရိုက်တာ ဦးထိန်လင်းနှင့် ဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေးတို့သည် မိုင်းပုတ်ကျေးရွာအုပ်စု၊ ခိုဆိုင်းကျေးရွာရှိ “ခိုဆိုင်း” စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်း၏ သွင်းအားစုပံ့ပိုးငွေ ကျပ်(၄၄)သန်းဖြင့် အသင်းသား(၃၇)ဦးတို့မှ စုပေါင်းစိုက်ပျိုးထားသည့် ရွှေရင်အေးမိုးစပါး(၂၂၀)ဧက စိုက်ခင်းအားသွားရောက်ကြည့်ရှုပြီး မြို့နယ်သမဝါယမဦးစီးဌာန၌ နံနက် ၉ နာရီတွင် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာ အသစ်ရွေးချယ်တင်မြောက်ပွဲ အခမ်းအနားကျင်းပရာ ပြည်နယ်အဆင့် ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ သဘာပတိပြည်နယ်ဦးစီးမှူးဦးကျော်မိုးတင့်က လမ်းညွှန်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်သမဝါယမအသင်းစုချုပ် (တောင်ကြီး) ဒါရိုက်တာ ဦးထိန်လင်းက ရှမ်းပြည်နယ်သမဝါယမအသင်းစုချုပ်၏ လုပ်ငန်းများရှင်းလင်းပြောကြားရာ ဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေးက မောက်မယ်မြို့နယ် သမဝါယမအသင်းစု၏ လုပ်ငန်းကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ အမှုဆောင်ဒါရိုက်တာအသစ်(၅)ဦးအား ပြန်လည်ရွေးချယ်ခဲ့ရာ အသင်းဝင်များအားလုံးက အတည်ပြုလက်ခံကြပြီး သဘာပတိရှေ့မှောက်တွင် သမဝါယမကတိသစ္စာခံယူကာ အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်း သိရသည်။


စိုင်းမျိုးသန့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)