တာမွေ၊ နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာ ဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း ရတနာဆောင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာကြသူများသည် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် ကျင်းပြုလုပ်သည့် အင်္ဂလိပ်စာစကားလုံးဆက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ခွက်ထပ် ကစားနည်းပြိုင်ပွဲနှင့် ဘယ်ခြေညာလက်ကစားနည်းပြိုင်ပွဲများ ကျင်းပနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ထူး ချွန်ဆုရရှိကြသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် ကျောင်းစာကြည့်တိုက် များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် ခန်းမအတွင်း ပြသထားသည့် လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြသည်။
ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားကို ကျင်းပရာ တာမွေမြို့နယ်ရှိ အမှတ် (၁၀) အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား/သူလေးများက “ ပညာဘဏ်တိုက် စာကြည့်တိုက် ” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး တာမွေမြို့နယ် ပညာရေးမှူး ဒေါ်ကြူကြူခိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံစာရေးဆရာအသင်းဝင် စာရေးဆရာမ မြမဉ္ဇူဝေ(ကျုံမငေး)က တက်ရောက်လာကြသူများအား “ စာဖတ်ခြင်းဖြင့် ရရှိနိုင်သော အကျိုး ကျေးဇူးများ ” ခေါင်းစဉ်ဖြင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်ပြီး အမှတ် (၁၀) အခြေခံပညာ အထက်တန်းကျောင်း (KG)တန်းမှ ကျောင်းသူလေး မအင်ကြင်းခင်က “ မြန်မာမလေး ” သီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် ကျင်းပ ပြုလုပ်သည့် မူလတန်း/ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲတို့တွင် ဆုရရှိကြသူ များက တက်ရောက်လာကြသူများအား ပြန်လည်တင်ဆက်ခဲ့ကြသည်။ ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပညာပေး ဟောပြောခဲ့သည့် စာရေးဆရာမ မြမဉ္ဇူဝေ (ကျုံမငေး)အား ဂုဏ်ပြုလက်ဆောင်ကိုလည်းကောင်း၊ ပြိုင်ပွဲဝင်ဆုရ ကျောင်းသား/သူများအား ထူးချွန်ဆုများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး တာမွေမြို့နယ်ရှိ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိဆွေက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ တာမွေမြို့နယ်ရှိ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား /သူလေးများက ဇာတိမာန်သီချင်း သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး တက်ရောက်လာကြသူများသည် ထူးချွန် ဆုရရှိသော ကျောင်းသား/သူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။
အခမ်းအနားသို့ တာမွေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံ ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တာမွေ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူလေး များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
#News




No comments:
Post a Comment