ပုဇွန်တောင်မြို့နယ်၌ ဒုတိယအကြိမ်ရွေးကောက်ပွဲ မဲစာရင်းများမှန်ကန်တိကျစေရန် လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဇွန်တောင်မြို့နယ်၌ ဒုတိယအကြိမ်ရွေးကောက်ပွဲ မဲစာရင်းများမှန်ကန်တိကျစေရန် လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေး




ပုဇွန်တောင်၊ နိုဝင်ဘာ ၁၄

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကာလအတွက် မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ နိုဝင်ဘာလ ၁၁ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းမြင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ ပုဇွန်တောင်မြို့နယ်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများမှတာဝန်ရှိသူများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများမှတာဝန်ရှိသူများက မြေပြင်ရှိလူဦးရေစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းများကို စနစ်တကျ ဆောင်ရွက်ခဲ့သည်။ထိုသို့ မဲဆန္ဒရှင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်နေမှုများအား ရန်ကုန်အရှေ့ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဖွဲ့ဝင်(၂)ဦးသန်းထွန်းနှင့်တာဝန်ရှိသူများ၊ ပုဇွန်တောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် တာဝန်ရှိ သူများမှကြည့်ရှုအားပေးခဲ့ကြပြီး မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဟန်စုယဉ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)