သန်လျင်မြို့ မြို့ဟောင်းအရှေ့ရပ်ကွက် နေအိမ်မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သန်လျင်မြို့ မြို့ဟောင်းအရှေ့ရပ်ကွက် နေအိမ်မီးလောင်မှုဖြစ်ပွား

 



ရန်ကုန်  ၊ နိုဝင်ဘာ ၁


သန်လျင်ခရိုင် သန်လျင်မြို့ မြို့ဟောင်းအရှေ့ရပ်ကွက် ဘုရားနီလမ်းခြံအမှတ်(၁) နေအိမ်မီးလောင်မှု ယမန်နေ့ ည ၁၁ နာရီ ၃၆ မိနစ်က ဖြစ်ပွားသည်။

အဆိုပါနေအိမ်မီးလောင်မှုအား သန်လျင်မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မျိုးဝင်းနှင့်တပ်ဖွဲ့ဝင်များ အချိန်မီရောက်ရှိငြိမ်းသတ်မှုကြောင့် ည ၁၂ နာရီခန့်တွင်မီးငြိမ်းသတ်နိုင်ခဲ့သည်။

နေအိမ်မီးလောင်မှုဖြစ်စဉ်မှာ အားသွင်းထားသောဖုန်းအားသွင်းကြိုး အပူလွန်ကဲ၍အနီးရှိ စက္ကူများပေါ်သို့ မီးပွားကျရာမှမီးစတင်လောင်ကြွမ်းခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် လူနေအိမ်နှစ်ထပ်ရှိ ၁၆ပေကျယ် ဧည့်ခန်းတစ်ခန်းမီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

ယင်းမီးလောင်မှုနှင့်ပတ်သက်၍ အိမ်ရှင် ဦးဇေယျာအား သန်လျင်မြို့မရဲစခန်းက  အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဖြိုးသီဟ(သန်လျင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)