အိမ်မဲမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ အမည်စာရင်းများ မှန်ကန်စေရေးတာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ အမည်စာရင်းများ မှန်ကန်စေရေးတာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်




အိမ်မဲ   ၊ နိုဝင်ဘာ ၂၈


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ အမည်စာရင်းများ မှန်ကန်စေရေးအတွက် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းမှ စတင်ကာကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို အိမ်မဲမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများက မိမိတို့ တာဝန်ကျရာ ရပ်ကွက်၊ ကျေးရွာများသို့သွားရောက်ပြီး မဲစာရင်းများကို ပြည်သူများလာရောက် ကြည့်ရှုစေရေးနှင့် မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃)ဖြင့် ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မဲစာရင်းပါ အမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ပုံစံ (၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄ -ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းနိုင်ရေးတို့ကို ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ရပ်ကွက် (၅)ရပ်ကွက်၊ ကျေးရွာအုပ်စု (၉၇)အုပ်စု မှ ဒုတိယအကြိမ်မဲစာရင်း ကပ်ထားကြေညာချက်အရ မဲဆန္ဒရှင် စုစုပေါင်း (၁၂၇၁၈၆)ဦး နှင့် မဲရုံစုစုပေါင်း (၁၁၂)ရုံရှိကြောင်း သိရသည်။


ချစ်သက်လယ်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)