မြောက်ဥက္ကလာပ၊ နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီး၏ (၅၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ တော်ကြီး ကိုစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ မှ ကြီးမှူး၍ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည်ဖြစ် ကြောင်းသိရသည်။
အဆိုပါ ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီး၏ (၅၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၂၅ ခုနှစ် ၊ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ဗုဒ္ဓဘိသေက အနေကဇာတင်ကာ မဟာပဌာန်းကျမ်းမြတ်အား ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီ ၁ ရက်နေ့ထိ ရွတ်ဖတ်ပူဇော်မည်ဖြစ်ပြီး၊ ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် ဘုရားအမှူးရှိ သော သံဃာတော် အရှင်သူမြတ် ၁၀၉ ပါးအား ဆွမ်းဆန်စိမ်း လောင်းလှူမည်ဖြစ်ရာ ပွဲတော်ကာလ အနေဖြင့် (၂-၁-၂၀၂၆)ရက် နေ့မှ (၁၂-၁-၂၀၂၆)ရက်နေ့ထိ ဆယ်ရက်တိုင်တိုင် အစဉ်အလာမပျက် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ဆုတောင်းပြည့်စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ထံမှ သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost


No comments:
Post a Comment