ကျောက်တန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးဘတ်ဂျက်၊ နိုင်ငံတော်ထောက်ပံ့ငွေ (သက်တံ့ရောင်စီမံကိန်း)ဖြင့် စိုက်ပျိုးရေးလုပ်ငန်း စပါးရိတ်သိမ်းမှုများ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးဘတ်ဂျက်၊ နိုင်ငံတော်ထောက်ပံ့ငွေ (သက်တံ့ရောင်စီမံကိန်း)ဖြင့် စိုက်ပျိုးရေးလုပ်ငန်း စပါးရိတ်သိမ်းမှုများ ကွင်းဆင်းစစ်ဆေး




ကျောက်တန်း ၊  နိုဝင်ဘာ ၆


ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ သောင်ကြီးကျေးရွာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးဘတ်ဂျက်၊ နိုင်ငံတော်ထောက်ပံ့ငွေ (သက်တံ့ရောင်စီမံကိန်း)ဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား စပါးရိတ်သိမ်းမှုနှင့် ဝယ်ယူမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို နိုဝင်ဘာလ(၆)ရက်နေ့နံနက်ပိုင်းက ကျောက်တန်းမြို့နယ်၊ သောင်းကြီးကျေးရွာ၊ သောင်ယံဦး လယ်ယာနှင့်အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းမှ အသင်းသား ဦးခင်မောင်မြင့်၏လယ်တွင် စပါးရိတ်သိမ်းမှုများအား ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့သည်။


အဆိုပါကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခြင်းကို မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်ခိုင်၊ ဦးစီးမှူးဒေါ်ဖြိုးသီရိထွန်း၊ ဦးစီးမှူးဒေါ်မေစုဟန်နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးသန်းစိုး ဦးဆောင်သည့် ဝယ်ယူကြိတ်ခွဲတင်ပို့သည့်အစုအဖွဲ့များ တက်ရောက်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘတ်ဂျက်၊ နိုင်ငံတော်ထောက်ပံ့ငွေ(သက်တံ့ရောင်စီမံကိန်း)အသင်းအား ရန်ပုံငွေဖြင့်ပံ့ပိုးထားပြီး သွင်းအားစုဖြန့်ဖြူးထားသည့်လုပ်ငန်းများအတွက် သောင်းယံဦးလယ်ယာနှင့်အထွေထွေရောင်ဝယ်ရေး သမဝါယမအသင်းမှ အသင်းသားတစ်ဦးဖြစ်သူ ဦးခင်မောင်မြင့်၏လယ်အား ပန်းတိုင်အထွက်နှုန်းရရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။


နေလင်းကျော် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)