ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းသို့ ဝင်ခွင့်ရသော မောင်မယ်သစ်လွင်များအား ကြိုဆို၊ ဘာသာရပ်ဆိုင်ရာ မိတ်ဆက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းသို့ ဝင်ခွင့်ရသော မောင်မယ်သစ်လွင်များအား ကြိုဆို၊ ဘာသာရပ်ဆိုင်ရာ မိတ်ဆက်





ဟင်္သာတ၊ နိုဝင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး  ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ(၁)နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းသို့ ဝင်ခွင့်ရသော မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ဆက်ပွဲနှင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ပွဲအခမ်းအနားကို ကျင်းပသည်။

အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က အမှာစကားပြောကြားပြီး သင်ကြားရေး ဌာနမှူးများက ၎င်းတို့ဌာနက သင်ကြားရသော ဘာသာရပ်များ ၎င်းဘာသာရပ်များ၏ အသုံးဝင်မှုများ ၎င်းတို့ဌာနကဆောင်ရွက်သော Project များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်သင်တန်းရေးရာ ဌာနမှူးက ကျောင်းစည်းကမ်းများ၊ စာမေးပွဲဆိုင်ရာစည်းကမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၏ အခွင့်အရေးများကို ပြောကြားသည်။ ထို့နောက် စီနီယာကျောင်းသူတစ်ဦးမှ မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ဆက်စကားပြောပြီး အဆို၊ အက၊ အရေး၊ အတီးဆုရကျောင်းသူတစ်ဦးက သီချင်းဖြင့် ဧည့်ခံဖျော်ဖြေသည်။ ယင်းနောက် ဒေါက်တာထွန်းမြတ်အောင်နှင့် ဌာနမှူးများက မောင်မယ်သစ်လွင် များအား ရင်းရင်းနှီးနှီး နွေးထွေးလှိုက်လှဲစွာ လိုက်လံနှုတ်ဆက်ခဲ့ကြသည်။


#News #Education

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)