တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကော့သောင်းခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်‌/ကျေးအုပ်ချုပ်‌ရေးမှူးများနှင့်တွေ့ဆုံပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကော့သောင်းခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်‌/ကျေးအုပ်ချုပ်‌ရေးမှူးများနှင့်တွေ့ဆုံပွဲ ပြုလုပ်





ကော့သောင်း  ၊ နိုဝင်ဘာ ၁


တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုသည် ကော့သောင်းခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဟံသာဝတီအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် တက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ လိုအပ်ချက်များ တင်ပြဆွေးနွေးကြပြီး   တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုကခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တင်ပြချက်များနှင့်စပ်လျဉ်း၍ မြို့စည်ပင်သာယာဖွံ့ဖြိုးတိုးတက်စေရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာဆောင်ရွက်နိုင်ရန်စစ်မှန်၍ မျှတသည့်အစိုးရတစ်ရပ်​ပေါ်​ပေါက်လာရန်အတွက် အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင်ပါရှိရေးနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိစေရေးတို့ကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများက တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာအသိ ပညာပေးခြင်း၊ နှိုးဆော်ခြင်းများကို ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း  မိမိအပါအဝင်၊ မိသားစုများသက်ဆိုင်ရာ ရပ်ကွက်အလိုက် မဲစာရင်းတွင် ပါရှိရေးဆောင်ရွက်‌ရန်၊ ကြိုတင်မဲပေးလုပ်ငန်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ရွေးကောက်ပွဲဆောင်ရွက်ရာတွင် တိကျမှန်ကန်မှုရှိရေးနှင့် စည်းကမ်းဖောက်ဖျက်မှုများ မရှိအောင် လုပ်ဆောင်‌သွားကြရန်” မှာကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တာဝန် ရှိသူများသည် ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည့် “မဲစာရင်းပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းလုပ်ငန်း” ဆောင်ရွက်‌နေမှု အ‌ခြေအနေများအား ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)