ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်တိုင်ပွဲတော် စတုဒီသာ ကျွေးမွေးဧည်ခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်တိုင်ပွဲတော် စတုဒီသာ ကျွေးမွေးဧည်ခံ




ပဲခူး  ၊ နိုဝင်ဘာ ၃


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်တိုင်ပွဲတော် စတုဒီသာကျွေးမွေးခြင်း (ပထမနေ့) အား နိုဝင်ဘာလ(၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်အောက်ထပ်ရှိ စိတ္တသုခခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများတို့သည် ဗုဒ္ဓအသံဓမ္မဗိမာန်အောက်ထပ်၊ စိတ္တသုခခန်းမ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြို့မိ/မြို့ဖများပူးပေါင်း၍ ဒေသခံပြည်သူများနှင့် ပဲခူးမြို့သို့ လာရောက် လည်ပတ် ကြသူများအား စတုဒီသာ ကျွေးမွေးနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး စတုဒီသာလာရောက် သုံးဆောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့မိ/မြို့ဖတို့ ပူးပေါင်းမှုဖြင့် နိုဝင်ဘာလ(၃)ရက်နှင့် (၄)ရက်နေ့တို့တွင် စတုဒီသာကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကာ စတုဒီသာလာရောက်သုံးဆောင်ကြသူများအား ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)