တန်ဆောင်တိုင်ပွဲတော် နေ့လွှတ်အရုပ်မီးပုံးပျံပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်နေမှုအား ပွဲတော်လာဧည့်သည်တော်များမှ စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန်ဆောင်တိုင်ပွဲတော် နေ့လွှတ်အရုပ်မီးပုံးပျံပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်နေမှုအား ပွဲတော်လာဧည့်သည်တော်များမှ စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ကြည့်ရှုအားပေး




တောင်ကြီး   ၊  နိုဝင်ဘာ  ၂


ရှမ်းပြည်နယ် တောင်ကြီးမြို့ အဝေယာကုန်းသာယာ မီးပုံးပျံကွင်းကြီးအတွင်း၌ ကျင်းပလျက်ရှိသည့် နေ့လွှတ်အရုပ်ပြိုင်ပွဲကို အောက်တို ဘာလ ၂၇ ရက်နေ့မှ စတင်ကာ  နေ့လွှတ်အရုပ် မီးပုံးပျံပြိုင်ပွဲအား ယှဉ်ပြိုင်ကျင်းပပေးခဲ့ရာ နိုဝင်ဘာ ၁ ရက်နေ့ နေ့လယ်ပိုင်းတွင်လည်း ဆက်လက်ယှဉ်ပြိုင် လွှတ်တင်လျက်ရှိသည်။


ပြိုင်ပွဲတွင် တောင်ကြီးမြို့ပေါ်ရပ်ကွက်များမှ အသင်းများ၊ ကုမ္ပဏီအသင်းအဖွဲ့များမှအသင်းများ၊ တောင်ကြီးမြို့အနီးဝန်းကျင်မြို့ရွာများမှ ပြိုင်ပွဲဝင်အသင်းများမှ အတီးအမှုတ်အကအခုန်များဖြင့် ပျော်ရွှင်စွာပါဝင်ယှဥ်ပြိုင် လွှတ်တင်လျက်ရှိကြသည်။


အဆိုပါ နေ့လွှတ်အရုပ်ပြိုင်ပွဲတွင် ခြေနှစ်ချောင်းအမျိုးအစား (၁၉၁)လုံး၊ ခြေလေးချောင်း အမျိုးအစား (၁၀၄)လုံးနှင့် အရုပ်အုပ်စုအမျိုးအစား(၆၆)လုံး အစရှိသည်ဖြင့် စုစုပေါင်း (၃၆၁)လုံး ပါဝင်ယှဉ်ပြိုင် လွှတ်တင်ကြမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှတာဝန်ရှိသူထံမှသိရသည်။


ပြိုင်ပွဲအား မီးပုံးပျံ ဝါသနာရှင်များနှင့်ရပ်နီး၊ ရပ်ဝေးမှ ပွဲတော်လာဧည့်သည်များက စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ လာရောက်ကြည့်ရူအားပေးကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)